SJ WorldNews - шаблон joomla Авто

ထရမ့်က ရှာနာဟန်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းမှု ရုပ်သိမ်း

Thursday, 20 June 2019 11:49 font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် တရားဝင်ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားမှုကို ဇွန် ၁၈ ရက်တွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပက်ထရစ်ရှာနာဟန် ကိုယ်တိုင်ကလည်း ၄င်းအနေဖြင့် ကာကွယ်ရေးဝန်ကြီးတာဝန်ယူရန် ဆန္ဒမရှိကြောင်း တရားဝင်ကြေညာသည့် အတွက် ထရမ့်က ယခုကဲ့သို့အမည်စာရင်း တင်သွင်းထားမှုကို ရုပ်သိမ်းလိုက်ရခြင်း ဖြစ်သည်။

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)သည် အစိုးရဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူတိုင်း၏ နောက်ကြောင်း ရာဇဝင်ကိုစုံစမ်းရလေ့ရှိသည်။ FBI လုပ်ငန်းစဉ်အတိုင်း စုံစမ်းနေစဉ် ပက်ထရစ်ရှာနာဟန်က ခေတ္တကာကွယ်ရေးဝန်ကြီး အဖြစ်မှ နုတ်ထွက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကြည်းတပ်အတွင်းရေးမှူးနှင့်ရေးသီယွန်ကုမ္ပဏီ အလုပ်အမှုဆောင်ဟောင်း မာ့သောမတ်အက်စပါကို ခေတ္တကာကွယ်ရေးဝန်ကြီးအဖြစ် ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းထားသည်။ သို့သော် ၄င်းကို ကာကွယ်ရေးဝန်ကြီး အဖြစ် ဆက်လက်တာဝန် ပေးလိုခြင်းရှိ၊ မရှိကို မသိရသေးပေ။

ပက်ထရစ်ရှာနာဟန်သည် ခေတ္တကာကွယ်ရေးဝန်ကြီးအဖြစ် ခြောက်လကြာတာဝန်ထမ်းဆောင်ပြီး ယခုကဲ့သို့ အမည်စာရင်း တင်သွင်းထားမှုကို ရုပ်သိမ်းရခြင်းသည် ၄င်းကိုယ်တိုင်၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးထားသည်။ သို့သော် တင်သွင်းထားသော အမည်စာရင်းကို ရုပ်သိမ်းခြင်းသည် သမ္မတ၏ အထူးအာဏာသာ ဖြစ်ကြောင်း သိရသည်။

Ref: New York Times

Read 30 times Last modified on Thursday, 20 June 2019 11:50