SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ ဆန်တန်ချိန် ၅ဝဝဝဝ ထောက်ပံ့မည်

Thursday, 20 June 2019 11:50 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယား အစိုးရသည် မြောက်ကိုရီးယားပြည်သူများအတွက် ဆန်တန်ချိန် ၅ဝဝဝဝ ကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှတစ်ဆင့် ထောက်ပံ့မည်ဖြစ်ကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီး ကင်ယောင်ချူက ဇွန် ၁၉ ရက်တွင် ပြောသည်။

တောင်ကိုရီးယားနိုင်ငံထွက် ဆန်တန်ချိန် ၅ဝဝဝဝ ကို မြောက်ကိုရီးယားသို့ ထောက်ပံ့မှုသည် အချိန်နှစ်လခန့် ကြာနိုင်သော်လည်း အမြန်ဆုံး ထောက်ပံ့နိုင်ရန် လုပ်ဆောင်သွားမည်ဟု ကင်ယောင်ချူက သတင်းစာရှင်းလင်းပွဲ ၌ပြောသည်။

ယခုကဲ့သို့ ဆန်မထောက်ပံ့မီ မြောက်ကိုရီးယားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာရှစ်သန်း လှူဒါန်းသွားရန်လည်း တောင်ကိုရီးယား အစိုးရက ယခုလအစောပိုင်းတွင် အတည်ပြုထားသည်။

တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ နောက်ဆုံးအကြိမ် ဆန်ထောက်ပံ့မှုသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ဖြစ်ပြီး ဆန်တန်ချိန် ၅ဝဝဝ ထောက်ပံ့ပေးကြောင်း သိရသည်။

Ref: Xinhua

Read 46 times Last modified on Thursday, 20 June 2019 11:51