SJ WorldNews - шаблон joomla Авто

စစ်အတွင်း အဓမ္မခိုင်း စေခံရသူများကို ဂျပန်နှင့်တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများမှ လျော်ကြေးပေးရန် တောင်ကိုရီးယား တောင်းဆို

Thursday, 20 June 2019 11:52 font size decrease font size decrease font size increase font size increase font size

ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မအလုပ်ခိုင်းစေခံရသူများကို ဂျပန်နှင့်တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများ၏ ရန်ပုံငွေများမှ တစ်ဆင့်လျော်ကြေးပေးရန် တောင်ကိုရီးယား အစိုးရက တောင်းဆိုလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရသည် အဆိုပါ ပြဿနာကို ပြေလည်စေရန်အတွက် ပြည်သူ့အသံနှင့် နယ်ပယ်အသီးသီးရှိ ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်များကို နားထောင်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇွန် ၁၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားရုံးတွင်အမှုနိုင်သည့် စစ်အတွင်း အဓမ္မခိုင်းစေခံရသူများကို စွပ်စွဲခံရသည့် ဂျပန်ကုမ္ပဏီများအပါအဝင် သက်ဆိုင်ရာ တောင်ကိုရီးယားကုမ္ပဏီများ၏ ရန်ပုံငွေများ မှတစ်ဆင့် လျော်ကြေးပေးခြင်းသည် တစ်ဖက်နှင့် တစ်ဖက်ပြေလည်စေမည် ဖြစ်ကြောင်း သိရသည်။

စစ်အတွင်းအဓမ္မခိုင်းစေခံရသူများနှင့် ၄င်းတို့၏မိသားစုဝင်များသည် လျော်ကြေးရရန်အတွက် နိပွန်သံမဏိနှင့် ဆူမီတိုမိုသတ္တုကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီအကြီးစား စက်မှုလုပ်ငန်း၊ နာချီဖူဂျီကိုရှီကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီ ကုန်ကြမ်းကော်ပိုရေးရှင်းတို့ကို တရားစွဲဆိုမှုများပြုလုပ်သည်။ တောင်ကိုရီးယား တရားရုံးချုပ်သည် အဆိုပါ တရားစွဲဆိုမှု အားလုံးတွင် နစ်နာသူများကိုသာ အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

ဂျပန်အစိုးရကမူ ထိုကိစ္စကို ၁၉၆၅ ခုနှစ်တွင် ချုပ်ဆိုသော သဘောတူစာချုပ်ဖြင့် ဖြေရှင်းပြီးဖြစ်ကြောင်း အခိုင်အမာပြောသော်လည်း ထိုစာချုပ်သည် နစ်နာသူတစ်ဦးချင်း အနေဖြင့် လျော်ကြေးတောင်းဆိုခွင့်ကို တားမြစ်ထားခြင်း မရှိကြောင်း တောင်ကိုရီးယား အစိုးရက ပြောထားသည်။

Ref: Xinhua

Read 23 times Last modified on Thursday, 20 June 2019 11:52