SJ WorldNews - шаблон joomla Авто

အစာငတ်နေသော ဝင်ရိုးစွန်း ဝက်ဝံတစ်ကောင် နော်အီစကီမြို့တွင်း လျှောက်သွား

Thursday, 20 June 2019 11:52 font size decrease font size decrease font size increase font size increase font size

အစာငတ်နေသော ဝင်ရိုးစွန်းဝက်ဝံတစ်ကောင်သည် ၄င်းတို့နေထိုင်ကျက်စားရာ အာတိတ်ဒေသမှ ကီလိုမီတာရာ ပေါင်းများစွာ ကွာဝေးသည့် နော်အီစကီမြို့တွင်း မောပန်းသည့် ပုံစံဖြင့် လျှောက်သွားနေကြောင်း သိရသည်။

ထိုဝက်ဝံအမသည် ဇွန် ၁၈ ရက်တွင် ဆိုက်ဘေးရီးယား ဒေသမြောက်ပိုင်းရှိ ရုရှားစက်မှုမြို့တော် ဖြစ်သော နော်အီစကီမြို့ ဆင်ခြေဖုံးဒေသများ၌ လျှောက်သွားကာ တစ်ခါတစ်ရံတွင် အစာရှာသည့်အနေဖြင့် အနံ့ခံကြောင်းနှင့် ၄င်းကိုကြည့်ရသည်မှာ နေမကောင်းဖြစ်နေဟန် ရှိကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

ဝင်ရိုးစွန်းဝက်ဝံတစ်ကောင်က ယခုကဲ့သို့ မြို့တွင်းလျှောက်သွားနေသည်ကို နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံးမြင်ရခြင်း ဖြစ်ကြောင်း ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်သူများက ပြောသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုသည် ဝင်ရိုးစွန်း ဝက်ဝံများ၏ ပင်လယ်ပြင်အတွင်း နေထိုင်ကျက်စားမှုကို ထိခိုက်လာ စေသည့်အပြင် ၄င်းတို့သည် အစားအစာကို ရေထဲမှ ရှာဖွေစားသောက်ရသည့်အစား မြေပြင်ရှိ အသေကောင်များကိုသာ ပိုမိုရှာဖွေစားသောက်လာရသည်။ ထို့ကြောင့် ဝင်ရိုးစွန်းဝက်ဝံများသည် နေထိုင်ကျက်စားရန် မသင့်သော လူ့ပတ်ဝန်းကျင်အနီးသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Reuters

Read 41 times Last modified on Thursday, 20 June 2019 11:53