SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဂျပန်၏ ပို့ကုန်တင်းကျပ်မှုအပေါ် တိုက်ရိုက်တုံ့ပြန်မည်ဟု တောင်ကိုရီးယား သတိပေး

Friday, 05 July 2019 11:26 font size decrease font size decrease font size increase font size increase font size

ဂျပန်အစိုးရက ချမှတ်ထားသော တောင်ကိုရီးယားသို့ နည်းပညာမြင့်ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှု တင်းကျပ်ခြင်းကို တိုက်ရိုက်တုံ့ပြန်မည်ဟု တောင်ကိုရီးယားဘဏ္ဍာရေး ဝန်ကြီးက ဇူလိုင် ၄ ရက်တွင် သတိပေးလိုက်သည်။

ဒုတိယကမ္ဘာစစ်အတွင်း တောင်ကိုရီးယား နိုင်ငံသားများ အဓမ္မအလုပ်စေခိုင်းခံရမှုနှင့် ပတ်သက်၍ ဂျပန်ကုမ္ပဏီများက လျော်ကြေးပေးရန် တောင်ကိုရီးယားတရားရုံးချုပ်က အမိန့်ချမှတ်မှုကြောင့် ထိုနှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တင်းမာလာခြင်းဖြစ်သည်။

တောင်ကိုရီးယား တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီးယား နိုင်ငံသို့ နည်းပညာမြင့် ကုန်ကြမ်းပစ္စည်းများတင်ပို့မှုကို     ဂျပန်အစိုးရက တင်းကျပ်လိုက်ခြင်းဖြစ်သည်။     ထိုသို့တင်းကျပ်မှုကြောင့် ကုန်ကြမ်းပစ္စည်းတင်ပို့မှုမှာ   လပေါင်းများစွာ ကြာနှေးကွေးနိုင်ပြီး တောင်ကိုရီးယား နည်းပညာကုမ္ပဏီများအတွက် အခက်အခဲဖြစ်စေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍   တောင်ကိုရီးယား အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့မှတစ်ဆင့်   တရားဝင် လမ်းကြောင်းအတိုင်း ဖြေရှင်းရန် ကြိုးပမ်းမည်ဖြစ်သည်။  သို့သော် ထိုသို့ကြိုးပမ်းမှုသည် အချိန်ကာလ ကြာမြင့်နိုင်သည့်အတွက် ဂျပန်နိုင်ငံ၏ လုပ်ရပ်အပေါ် တိုက်ရိုက်တုံ့ပြန်ရန် စီစဉ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား   ဘဏ္ဍာရေးဝန်ကြီး ဟုန်နမ်ကီကပြောသည်။

ယခုကဲ့သို့   နှစ်နိုင်ငံကြားကုန်သွယ်ရေး တင်းမာမှုသည် အစသာရှိသေးပြီး အဆုံးသတ် မဟုတ်သေးကြောင်း တောင်ကိုရီးယား အာဏာရဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ လီဟေချန်းက ပြောသည်ဟု သိရသည်။

Ref: Bloomberg

Read 87 times Last modified on Friday, 05 July 2019 11:27