SJ WorldNews - шаблон joomla Авто

လေထုညစ်ညမ်းမှု တိုက်ဖျက်ရင်း နေရောင်ခြည်စွမ်းအင် အသုံးပြုမှု တိုးမြှင့်မည့်တရုတ်

Wednesday, 10 July 2019 10:10 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံများတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်သည်နှင့်အမျှ စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကိုလည်း တိုးမြှင့်ရသည်။ ထိုမှတစ်ဆင့် လေထုညစ်ညမ်းမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကျပ်နေသော ယနေ့ကမ္ဘာကြီးတွင် တရုတ်နိုင်ငံသည်လည်း လေထုညစ်ညမ်းမှု အများဆုံးထိပ်တန်းတစ်နိုင်ငံ ဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံက လေထုညစ်ညမ်းမှုကို လျှော့ချနေပြီဖြစ်သည်။ ထိုသို့လျှော့ချရာတွင် ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ရန်လည်း ထိန်းသိမ်းရသည်။ လေထုညစ်ညမ်းမှု လျှော့ချစဉ် လိုအပ်သောစွမ်းအင်ကို နေရောင်ခြည်မှ တိုးမြှင့်ရယူသွားမည်ဟု ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရင်း နေရောင်ခြည်စွမ်းအင်ကို တိုးမြှင့် အသုံးပြုတော့မည် ဖြစ်သည်။

လေထုညစ်ညမ်းမှုကြောင့် ၁၉၆ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နေရောင်ခြည်စွမ်းအင် အသုံးပြုမှုသည်

၁၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ဟု ဆွစ်ဇာလန်၊ နယ်သာလန်နှင့် တရုတ်နိုင်ငံတို့မှ ရာသီဥတုသုတေသန ပညာရှင်များ၏ ဇူလိုင် ၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအနေအထားအရ အပူဖြာထွက်မှု ပမာဏသည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ပြန်လည်တိုးမြှင့်စေနိုင်သည်ဟု ပညာရှင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်အစိုးရသည် ကျောက်မီးသွေး အသုံးပြုမှုကို လျှော့ချခြင်း၊ လောင်စာဆီ အရည်အသွေးများကို မြှင့်တင်ခြင်းနှင့် သန့်ရှင်းသော စက်မှုလုပ်ငန်းနှင့် စွမ်းအင်ပုံစံများကို ပိုမိုတွန်းအားပေး အကောင်အထည်ဖော်စေခြင်းဖြင့် လေထုညစ်ညမ်းမှုပမာဏကို လျှော့ချလျက်ရှိသည်။

ထို့ကြောင့် PM2.5 ဟုခေါ်သည့် အန္တရာယ်ရှိသော အမှုန်များ လေထုအတွင်းပါဝင်မှု ပမာဏကို ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်းမြို့ကြီး ၇၄ မြို့၌ ၄၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ တစ်ဝန်း၌ ၂ဝ၁၈ ခုနှစ်ကုန်အထိ တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများသည် မဂ္ဂါဝပ် ၁၇ဝဝဝဝ အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ထိုပမာဏသည် နိုင်ငံအတွင်းမှ ထုတ်လုပ်နေသည့် လျှပ်စစ်စွမ်းအင်ပမာဏ၏ ၉ ရာခိုင်နှုန်းရှိသည်။

ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပေးနေရသည့် ထောက်ပံ့ငွေကို လျှော့ချနိုင်စေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၏ အမြတ်ငွေတိုးမြှင့် ရရှိစေရေး လုပ်ဆောင်ရန် ရည်မှန်းထားသည်။

အလားတူ ထောက်ပံ့ငွေမပေးရသည့် နေရောင်ခြည်စွမ်းအင်စက်ရုံများနှင့် လေအားလျှပ်စစ်စွမ်းအင် စက်ရုံများကို ယခုနှစ်အတွင်း တိုးမြှင့်တည်ဆောက်လျက် ရှိသည်။

Ref: Reuters

Read 32 times Last modified on Wednesday, 10 July 2019 10:11