SJ WorldNews - шаблон joomla Авто

တရုတ်နှင့်ကုန်သွယ်ရေး ဆွေးနွေးရာတွင် အမေရိကန်ဘက်က လိုလားချက်လျှော့ချရမည်

Wednesday, 10 July 2019 11:43 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကုန်သွယ်ရေး

မကြာမီ ကျင်းပမည့် တရုတ်-အမေရိကန်  ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် အမေရိကန်ဘက်က လိုလားချက်များကို လျှော့ ချ ရမည် ဖြစ်ကြောင်း သုတေသီများက ပြောသည်။

တရုတ်နှင့်အမေရိကန် ခေါင်းဆောင်များသည် မကြာသေးမီက အိုဆာကာမြို့၌တွေ့ဆုံပြီး  နှစ်နိုင်ငံ ကုန်သွယ်ရေး တင်းမာမှုများကို  အခိုက်အတန့် ဖြေလျှော့ ပေးလိုက်နိုင်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ညီမျှမှုနှင့် အပြန်အလှန် လေးစားမှုအပေါ် အခြေခံကာ ကုန်သွယ်ရေး ဆွေးနွေးပွဲကို ပြန်လည် စတင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

သို့သော် တရုတ်ဘက်က လက်ခံနိုင်ဖွယ် မရှိသည့် တောင်းဆိုမှုများကို အမေရိကန်ဘက်က တောင်းဆိုထားကြောင်း သုတေသီ များ၏ ပြောဆိုချက်အရ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ပုံစံကို   ကြီးကြီးမားမား ပြောင်းလဲရမည်ဟု အမေရိကန်သမ်္မတ   ဒေါ်နယ်ထရမ့်က တောင်းဆိုထားသည်။

ထိုအချက်သည် တရုတ်နိုင်ငံဘက်က လုံးဝ လက်မခံနိုင်သည့်တောင်းဆိုမှုဖြစ်ကြောင်း၊ အလားတူ မည်သည့်နိုင်ငံကမှ လည်း လက်ခံ မည်မဟုတ်ကြောင်း   လန်ဒန်မြို့အခြေစိုက်  တစ်ကမာလုံးဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာ ရေးဌာနမှ တွဲဖက် သုတေသီ အလန်ဝှိလေးက ပြောသည်။

ထို့ကြောင့် ထရမ့်အနေဖြင့် တောင်းဆို ချက်ကိုလျှော့ချရမည်ဖြစ်ပြီး တရုတ်အစိုးရ၏ သိသိသာသာ ပြောင်းလဲခြင်း မရှိသော မူဝါဒကို လက်ခံမှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ၎င်းင်းကဆက်ပြောသည်။

Ref: China Daily

.......

 

Read 24 times Last modified on Wednesday, 10 July 2019 12:00