SJ WorldNews - шаблон joomla Авто

ဗြိတိန်၌ ကင်ဆာအချို့ကို ကာကွယ်ရန် လူငယ်များကို HPV ကာကွယ်ဆေးထိုးပေးမည်

Wednesday, 10 July 2019 12:01 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်နိုင်ငံ၌   လာမည့်နှစ်ပေါင်း ၄၀အတွင်း ကင်ဆာရောဂါဖြစ်ပွားမှု တစ်သိန်းခန့်ကို ကာကွယ်ရန်အတွက် လူငယ် များကို  လိင်အင်္ဂါကြွက်နို့ ဗိုင်းရပ်ပိုး HPV  ကာကွယ် ဆေးထိုး ပေးမည်ဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇူလိုင် ၉ ရက်တွင်ပြော သည်။

HPV ဗိုင်းရပ်သည်   လိင်ဆက်ဆံမှုမှကူးစက်တတ်ပြီး   သားအိမ်ခေါင်း ကင်ဆာ၊ ပါးစပ်ကင်ဆာ၊ စအိုကင်ဆာနှင့် မျိုးပွား အင်္ဂါ ကင်ဆာတို့ကိုဖြစ်စေနိုင်သည်။ ထို့ကြောင့် အဆိုပါရောဂါများကိုကာကွယ်ရန်အတွက် ဆယ်ကျော်သက် အမျိုးသမီးများ အပြင် အမျိုးသားများပါ    ကာကွယ်ဆေးထိုးရမည်ဖြစ်သည်။ သို့မှသာ ၂၀၅၈ ခုနှစ်ရောက်ချိန်တွင် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှု  ၆၄၀၀၀ ခန့်နှင့် သားအိမ်ခေါင်း မဟုတ်သည့် အခြားကင်ဆာ ၅၀၀၀၀ ခန့်ကို ကာကွယ် နိုင်မည်ဖြစ်ကြောင်း အင်္ဂလန်ပြည်သူ့ ကျန်းမာရေးအဖွဲ့မှ  ကျွမ်းကျင်သူများကပြောသည်။

ထိုကာကွယ်ဆေးကို ၂၀၀၈ ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံရှိ  မိန်းကလေးများကိုထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့အချိန်အထိ လေ့လာမှု များအရ အသက် ၁၆ နှစ်နှင့် ၂၁ နှစ်ကြားရှိ  ဆယ်ကျော်သက် မိန်းမပျိုများတွင်  ကင်ဆာဖြစ်စေနိုင်သည့်  အဓိက ဗိုင်းရပ်အချို့  ၈၆ရာခိုင်နှုန်းအထိ   လျော့နည်းသွားကြောင်း  သိရသည်။                

Ref: Reuters

Read 17 times Last modified on Wednesday, 10 July 2019 12:01