SJ WorldNews - шаблон joomla Авто

အငြင်းပွား ဥပဒေကြမ်းကို ရုပ်သိမ်းကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူးကြေညာသော်လည်း ဆန္ဒ ပြမှု ရပ်တန့်ခြင်း မရှိ

Wednesday, 10 July 2019 12:02 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်၊  ပြည်တွင်းရေး

တရားခံကို ပြစ်မှုကျူးလွန်ရာ ပြည်မကြီးသို့ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ရုပ်သိမ်းကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဇူလိုင် ၉ရက်တွင် ကြေညာသော်လည်း ဆနပြမှုမှာ ရပ်တန့်မသွားဘဲ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်၌ သီတင်းပတ်များစွာကြာ ဆနပြမှုများ ဖြစ်ပွားပြီးနောက် ကယ်ရီလမ်းက အစိုးရ ဌာနချုပ်ရုံး၌ သတင်း ဌာနများကို ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းကို  ရုပ်သိမ်းပေးရန် ဆနပြသူများ၏တောင်းဆိုမှုများကို လိုက်လျောသည့် အနေဖြင့်လည်း   ထိုဥပ ဒေ ကြမ်းကို ဆက်လက် အကောင်အထည်ဖော်တော့မည် မဟုတ်ဟု  ကယ်ရီလမ်းက  ကတိပြုပြောဆို ထားသည်။

လက်ရှိကာလတွင် ချောင်ပိတ်မိနေသော အခြေအနေမှ ဟောင်ကောင်ကို ကယ်ထုတ်ရန်အတွက် အခွင့်အရေးနှင့် အချိန် ပေးရန် ကယ်ရီလမ်းက ပြည်သူများကို အနူးအညွတ် တောင်းဆိုပြီး လက်ရှိ အနေအထားမှ တိုးတက် အောင်ကြိုး စားမည်ဟု ကတိပြုသည်။

အစိုးရအဖွဲ့၏ တုံ့ပြန်မှုသည် ပြည်သူများ၏ ဆနနှင့် ထပ်တူ မကျသေးသည်ကို နားလည်ကြောင်း  ၎င်းကဆက်ပြော သည်။ ထို့ပြင် ၎င်းအနေဖြင့် အထက်စီးဆန်သော အပြုအမူမျိုးဖြင့်  မည်သည့်ကိစကိုမျှ ပြုလုပ်တော့မည် မဟုတ် ကြောင်း၊ အစိုးရအဖွဲ့၏ တုံ့ပြန်မှုသည် လက်တွေ့ဆန်ရမည်ဟု   ကတိပြုကြောင်း ကယ်ရီလမ်းက ဆိုသည်။

Ref: The Straits Times

Read 19 times Last modified on Wednesday, 10 July 2019 12:23