SJ WorldNews - шаблон joomla Авто

ဂျပန်နှင့်စီးပွားရေး ပဋိပက္ခ ရှည်ကြာနိုင်မှုကို ကြိုတင်ပြင်ဆင်ရန် မွန်ဂျေးအင်တိုက်တွန်း

Thursday, 11 July 2019 11:58 font size decrease font size decrease font size increase font size increase font size

ဆိုး၊ စီးပွားရေး

တောင်ကိုရီးယားနိုင်ငံသို့  နည်းပညာမြင့် ကုန်ကြမ်းပစည်းများ တင်ပို့မှုကို ဂျပန်အစိုးရက တင်းကျပ်မှုနှင့်ပတ်သက်၍ စီးပွားရေးပဋိပက်္ခ ရှည်ကြာနိုင်ဖွယ်ရှိမှုအပေါ် ကြိုတင်ပြင်ဆင်ရန် နိုင်ငံ၏ထိပ်တန်းစီးပွားရေးခေါင်းဆောင် များကို တောင်ကိုရီးယား သမတ မွန်ဂျေးအင်က ဇူလိုင် ၁၀ ရက်တွင်သတိပေးသည်။

ဂျပန်အနေဖြင့် တောင်ကိုရီးယားစီးပွားရေး ကို နိုင်ငံရေးအမြင်ဖြင့်ပစ်မှတ်ထားနေကြောင်း  ဆမ်ဆောင်း၊ SK၊ ဟွန်ဒိုင်း မော် တော်နှင့် LG ကုမဏီ တို့မှ အမှုဆောင် အရာရှိချုပ်များကို  မွန်ဂျေးအင်က ပြောသည်။

ဂျပန်အစိုးရသည် တစ်ပိုင်းလျှပ်ကူးပစည်းများ၊ ကွန်ပျူတာနှင့် စမတ်ဖုန်း ဖန်သားပြင်များ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသော ကုန်ကြမ်းပစည်းများ တင်ပို့မှုအပေါ် တင်းကျပ်မှုကို ပြီးခဲ့သည့် ရက်သတပတ်တွင် စတင်ပြီး  တောင်ကို ရီးယား နိုင်ငံကို ယုံကြည်စိတ်ချရ သော ပို့ကုန်နိုင်ငံ စာရင်းမှ ဖယ်ရှားနိုင်ဖွယ် ရှိကြောင်း သိရသည်။

၎င်းတို့အနေဖြင့် သံတမန်ရေးအရ ကြိုး ပမ်းနေသော်လည်း  အဆိုပါ ပို့ကုန်တင်းကျပ်မှု ကြာရှည်နိုင်ဖွယ် ရှိမှုကို ထည့် စဉ်းစားရမည် ဖြစ်ကြောင်း မွန်ဂျေးအင်ကပြောသည်။

ဒုတိယ ကမာစစ်အတွင်း ဂျပန်တို့၏ အဓမ လုပ်အားပေးခိုင်းစေခြင်း ခံရသည့် တောင်ကိုရီးယား နိုင်ငံသားများကို ဂျပန် ကုမဏီများက နစ်နာ ကြေးပေးရမည်ဟု တောင်ကိုရီးယား တရား ရုံးက အမိန့်များ ချမှတ်ပြီးနောက် အဆိုပါ နည်းပညာ မြင့်ကုန်ကြမ်း ပစည်းများ တင်ပို့မှုကို ဂျပန်အစိုးရက တင်းကျပ် လိုက်ခြင်းဖြစ်သည်။

Ref: Bloomberg

Read 17 times Last modified on Thursday, 11 July 2019 11:59