SJ WorldNews - шаблон joomla Авто

စင်ရော်များက လူသားများထံ ဆေးမတိုးသော ဗက်တီးရီးယားကို သယ်လာနိုင်

Thursday, 11 July 2019 11:59 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ၊ ကျန်းမာရေး

သြစတြေးလျစင်ရော်များသည် လူသား များထံ ဆေးမတိုးသောဗက်တီးရီးယားကို သယ်ဆောင်လာနိုင်သောကြောင့် လူသားများ ၏ကျန်းမာရေးအတွက်အလွန်စိုးရိမ်ရကြောင်း  သုတေသနပညာရှင်များက ဇူလိုင် ၁၀ ရက် တွင်ပြောသည်။

ငွေရောင်စင်ရော် ၂၀ ရာခိုင်နှုန်းသည် ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိသည့် ရောဂါဖြစ် စေသော  ဗက်တီးရီးယားများကို သယ်ဆောင် လာနိုင်ဖွယ်ရှိကြောင်း မားဒေါ့တက်္ကသိုလ်မှ ဦးဆောင်သည့်သိပ္ပံ ပညာရှင်များက  ပြောသည်။

စင်ရော်များသည် မိလာ သို့မဟုတ် အမှိုက်ပုံများ၌ စွန့်ပစ်ထားသည့် သေးခံများမှလူ့မစင်များနှင့် ထိတွေ့ပြီးနောက် အဆိုပါ ဗက်တီးရီး ယားများ ကူးစက်ခံရဖွယ်ရှိကြောင်း၊ ၎င်းငှက်များသယ်ဆောင်လာသည့် ဗက်တီးရီးယား များတွင် လုံးဝ ဆေးမတိုးသော အီးကိုလိုင်း ဗက်တီးရီးယားလည်း အပါအ၀င်ဖြစ်ကြောင်း မားဒေါ့ တကသိုလ်မှ  သုတေသန ပညာရှင် မာ့အိုဒီးက ပြောသည်။

သုတေသန ပညာရှင်များသည် သြစတြေး လျနိုင်ငံတစ်ဝန်းရှိ ငွေရောင် စင်ရော်များထံမှ နမူနာ အမျိုးပေါင်း ၅၅၀ ကျော်ကို ရယူကာ လေ့လာမှုများ ပြုလုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် စင်ရော်များသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နှင့် အသက်အနရာယ်ကိုပင်ခြိမ်းခြောက်နိုင် သည့် သွေးဆိပ်တက်ခြင်းရောဂါများကိုဖြစ်စေနိုင်သော ဗက်တီးရီးယားပိုးများ သယ် ဆောင်ထားသည်ကိုတွေ့ရခြင်းဖြစ်သည်။

ထို့ပြင် လူအများ၏ လျစ်လျူရှုမှုကြောင့် အဆိုပါ ဗက်တီးရီးယားပိုး များက စင်ရော်များမှ တစ်ဆင့် ကမာတစ်ဝန်း ပျံ့နှံ့ သွားမည်ကို  ပညာရှင်များက စိုးရိမ်ပူပန် နေကြောင်း သိရသည်။

Ref: CAN

Read 22 times Last modified on Thursday, 11 July 2019 11:59