SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှားက လေးမိုင်ကျော် ရှည်သည့် ပင်လယ်ကူး တံတား ဆောက်မည်

Friday, 12 July 2019 13:29 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊လမ်းပန်းဆက်သွယ်ရေး

အင်ဒိုနီးရှား အစိုးရသည် လေးမိုင်ကျော် ရှည်သည့် ပင်လယ်ကူး တံတားတစ်စင်းကို လာမည့်နှစ်တွင် တည်ဆောက် မည်ဖြစ် သည်။ စင်ကာပူနိုင်ငံအနီးရှိ  ဘာတမ်နှင့်ဘင်တန် ကျွန်းနှစ်ကျွန်းကို ဆက်သွယ်မည့် ထိုတံတားသည် အင်ဒိုနီးရှား နိုင်ငံ၏ အရှည်ဆုံးတံတား ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံ နှင့်လည်း  ကုန်သွယ်ရေးကို တိုးမြှင့် နိုင်မည် ဖြစ်သည်။

အရှည် ၇ ကီလိုမီတာရှိမည့် အဆိုပါ တံတားအတွက် ကုန်ကျစရိတ်မှာ ရူပီးယား ၄ ထရီလီယံအထိရှိမည်ဖြစ်ပြီး သုံးနှစ်မှ လေးနှစ်အတွင်း တည်ဆောက်မည်ဖြစ်သည်။

အင်ဒိုနီးရှားသမတအဖြစ် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်မည့်  ဂျိုကိုဝီဒိုဒို သည် နိုင်ငံအတွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာဘီလီယံ ၄၀၀ ကျော်သုံးစွဲရန်စီစဉ် ထားသည်။

အဆိုပါတံတားတည်ဆောက်ပြီးစီးပါက  ဘာတမ်ကျွန်းသည် စင်ကာပူသို့တင်ပို့မည့်   အဓိကကုန်ထုတ် လုပ်မှု နေရာဖြစ်လာမည် ဖြစ်သည့်အပြင်  ရင်းနှီးမြှုပ်နှံမှု  ဒေါ်လာ  ဘီလီယံ ၆၀ အထိရရှိနိုင်ကြောင်း အစိုးရက  ခန့်မှန်း ထားသည်။

Ref: Bloomberg

Read 13 times