SJ WorldNews - шаблон joomla Авто

ရုရှား ရေတပ်က လေယာဉ်အစင်း ၁၀၀ တင်နိုင်မည့် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော ပိုင်ဆိုင်မည်

Friday, 12 July 2019 13:30 font size decrease font size decrease font size increase font size increase font size

မော်စကို၊ စစ်ရေး

ရုရှားရေတပ်သည်   လေယာဉ်အစင်း ၁၀၀ တင်ဆောင်နိုင်မည့် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော တစ်စင်း ကို ပိုင်ဆိုင်နိုင်တော့မည်ဖြစ်ကြောင်း ရေတပ် ဦးစီးချုပ် နီကိုလိုင်းယက်မီနော့က သတင်း ထောက်များကို ပြောသည်။    သို့သော်  ထိုလေယာဉ်တင်သင်္ဘောကိုပိုင်ဆိုင်နိုင်ရန် အတွက် အချိန်အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်တွင် စိန့်ပီတာ စဘာ့မြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကာကွယ်ရေးပြပွဲ၌    ရေတပ် ဦးစီးချုပ်က သတင်းထောက်များကိုပြောသည်။

ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိကျင်းပမည့်   အဆိုပါပြပွဲ၌ Project 11430E  Lamantin နျူကလီးယား စွမ်းအင်သုံး လေယာဉ် တင်သင်္ဘော စီမံကိန်းကို နိစကိုယီဒီဇိုင်းဗျူရို ကတင်ပြသည်။ ထိုလေယာဉ်တင်သင်္ဘော သည် အလတ်စား လေယာဉ်တင်သင်္ဘော ဖြစ်မည်ဖြစ်ပြီး နျူကလီးယား ဓာတ်ပေါင်းဖို တစ်လုံးနှင့် အရန်အနေဖြင့် ဓာတ်ငွေ့ တာဘိုင် တစ်လုံးတို့ ပါဝင်မည်ဖြစ်ကြောင်း ရုရှား သင်္ဘောတည်ဆောက်ရေးသုတေသနဌာန တစ်ခုက မကြာသေးမီက ပြော သည်။ အဆိုပါ လေယာဉ်တင် သင်္ဘောသည် တန်ချိန် ၇၆၀၀၀ရှိကာ  လေယာဉ်အစင်း ၁၀၀ တင်ဆောင် နိုင် မည်ဖြစ်ကြောင်း သိရသည်။

Ref: TASS

Read 16 times