SJ WorldNews - шаблон joomla Авто

အင်အားကြီး နိုင်ငံများနှင့် အီရန်ကြား ဓားစာခံဖြစ်နေသည့် ရေနံတင် သင်္ဘောများနှင့်ရေနံဈေးကွက်

Friday, 12 July 2019 13:34 font size decrease font size decrease font size increase font size increase font size

နိုင်ငံရေးမှတ်စု

အီရန်နိုင်ငံသည် ယခင်က နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းဖူးသော်လည်း ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ချုပ်ဆိုနိုင်သည့်  နျူကလီးယားသဘောတူစာချုပ်ကြောင့်  အရှိန်တန့်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုသာ  ဦးစားပေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော်  ထိုစာချုပ်မှအမေရိကန်နုတ်ထွက်မှု၊ အရေးယူ ပိတ်ဆို့မှုများ ပြန်ချမှတ်မှု၊ နောက်ဆုံးတွင် အီရန်နိုင်ငံ၏ အဓိက ထုတ်ကုန်ဖြစ်သောရေနံကို  မည်သည့်နိုင်ငံကမှ  မ၀ယ်နိုင်စေရန်  တင်းကျပ်မှုတို့ ကြောင့်  အီရန်မှာ အထိနာ လာသည်။

ယခုလည်း ဆီးရီးယားနိုင်ငံသို့ ဦးတည်သွားနေသည့်  အီရန်ရေနံတင် သင်္ဘောတစ်စင်းကို ဗြိတိန်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသည်။

ထိုသင်္ဘောက  ဆီးရီးယား အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်  ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

အဖမ်းခံထားရသော ရေနံတင်သင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးရန်  အီရန်ကတောင်းဆို သော်လည်း ဗြိတိန်က ဂရုမစိုက် သည့် အတွက်  ဗြိတိန်၏ ရေနံတင်သင်္ဘောများကို  လက်တုံ့ ပြန်ဖမ်းဆီးမည်ဟု ရာဇသံပေးလိုက်သည်။ ဇူလိုင် ၁၀ ရက်တွင် ပါရှန်းပင်လယ်ကွေ့မှ ထွက်ခွာလာသည့်  ဗြိတိန်ရေနံတင်သင်္ဘော တစ်စင်းကို အီရန်စစ်ရေယာဉ် များက ပိတ်ဆို့ ရန်ကြိုးပမ်းမှုကို ဗြိတိန်ရေတပ်က ကြားဖြတ် လိုက်ရသည်ဟု ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရေနံစည်တစ်သန်းသယ်ဆောင်နိုင်သည့်  ဗြိတိန်ရေနံတင်သင်္ဘောက ဟော်မုရေလက်ကြား ကို ဖြတ်ရန်ကြိုးပမ်းစဉ် အီရန်စစ်ရေယာဉ် သုံးစင်းက ရေနံတင်သင်္ဘောကိုပိတ်ဆို့ရန် ကြိုးပမ်းခြင်းဖြစ်သည်ထိုအချိန်တွင် ရေနံတင်  သင်္ဘောကို အစောင့်အဖြစ် လိုက်ပါသည့်  ဗြိတိန်ရေတပ်မှ စစ်သင်္ဘော တစ်စင်းက ရေနံတင် သင်္ဘောနှင့် အီရန်စစ် ရေယာဉ်များကြား ၀င်ရောက်နေရာယူပြီး  နှုတ်ဖြင့် သတိပေး လိုက်သည့်အခါမှ အီရန် စစ်ရေယာဉ်များက  နောက် ကြောင်း ပြန်လှည့် သွားခြင်းဖြစ်သည်။

ထိုကိစနှင့် ပတ်သက်ပြီး ဗြိတိန်၏ ထုတ်ပြန် ချက်ကို အီရန်၏ အစလာမ် မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ငြင်းဆို ထားသည်။

မည်သည့်အကြောင်းပြချက်မျှတော့ပေးထားခြင်းမရှိပေ။ မေလအတွင်းကလည်း ဟော်မုရေ လက်ကြား၊ အိုမန်ပင်လယ် ကွေ့တို့၌ ရေနံတင် သင်္ဘောခြောက်စင်း တိုက်ခိုက်ခံရသည်။ ထိုတိုက်ခိုက်မှုများကို အီရန်ကလုပ်သည်ဟု  အမေရိ ကန်က စွပ်စွဲသော်လည်း   အီရန်ကတော့ ငြင်းဆိုထားသည်။

အီရန်နှင့် ကမာ့အင်အားကြီးနိုင်ငံများကြား ဖြစ်ပွားနေသည့် တင်းမာမှုများကြားတွင် ဓားစာခံဖြစ်နေရသည်မှာ ရေနံတင် သင်္ဘော များနှင့် ရေနံဈေးကွက်ဖြစ်သည်ဟုပင်ဆိုလာ နိုင်သည်။ မေလတွင်ဖြစ်ပွားသောတိုက်ခိုက် မှုများကြောင့်     ကမာ့ရေနံဈေးနှုန်းများ မြင့်တက်ပြီး   ဇွန်လတွင်   ပြန်ကျသွား သည်။

သို့သော် ယခုဖြစ်စဉ်ဖြစ်ပွားချိန်၌ ဇူလိုင် ၁၁ ရက် နံနက်ပိုင်း လန်ဒန်မြို့ရှိ ရေနံစိမ်း ဈေးနှုန်းမှာ ၁၃ ရာခိုင်နှုန်း မြင့် တက်ကာ  တစ်စည်လျှင် ၆၇ ဒသမ ၁၄ ဒေါ်လာသို့  ရောက်ရှိလာသည်။ အလားတူ ကမ်္ဘာ့ရေနံ  ဈးကွက်အတွင်းရှိ ရေနံ ဈေးနှုန်းများမှာလည်း တစ်ပြိုင်နက်တည်း မြင့်တက်လာ သည်။

ထို့ကြောင့် အီရန်နှင့်ကမ်္ဘာ့အင်အားကြီး နိုင်ငံများကြား ဆက်ဆံရေးအဆင်ပြေစေဖို့ က အဓိကကျလာသည်။ သို့မဟုတ်ပါက  ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရတိုင်း  ဈေးကွက်အတွင်းရှိ ရေနံဈေးနှုန်းများ မြင့်တက်မှုက က္ဘာ့ရေနံဈေးကွက်ကို အနည်းနှင့်အများ အကျိုးသက်ရောက်စေမည် ဖြစ်သည်။                                                            

Ref: Bloomberg

Read 38 times