SJ WorldNews - шаблон joomla Авто

ရုရှားမှ S-400 ပထမဆုံး အစိတ်အပိုင်းများ တူရကီသို့ ရောက်ရှိ

Saturday, 13 July 2019 14:49 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံမှ ပေးပို့လိုက်သော  S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်၏ ပထမဆုံးအစိတ်အပိုင်းများသည် ဇူလိုင် ၁၂ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါအစိတ်အပိုင်းများသည် အန်ကာရာမြို့ပြင်ရှိ မားတတ်လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လာမည့်ရက်များတွင်လည်း ကျန်ရှိသည့်အစိတ်အပိုင်းများ ဆက်လက်ရောက်ရှိမည်ဟု သိရသည်။

အဆိုပါစနစ်တစ်ခုလုံးအသင့် ဖြစ်သည့်အခါ သက်ဆိုင်ရာအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို ရယူသွားမည်ဖြစ်သည်။

အမေရိကန်သည်     ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းဝယ်သည့် နိုင်ငံများကို အရေးယူပိတ်ဆို့မည်ဟု ထုတ်ပြန်ထား သော်လည်း  S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူသည့် တူရကီနိုင်ငံကို အရေးယူပိတ်ဆို့မည် မဟုတ်ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်ကွ G 20  ဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက် ပြောသည်။

Ref: Reuters

Read 16 times Last modified on Saturday, 13 July 2019 14:50