SJ WorldNews - шаблон joomla Авто

ထရမ့်၏ မူဝါဒများက အမေရိကန်၏ ရပ်တည်မှုကို ထိခိုက်စေဟုဆို

Saturday, 13 July 2019 14:50 font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒများသည် ကမ္ဘာ့အလယ်တွင် အမေရိကန်၏ ရပ်တည်မှုများကို ထိခိုက်စေကြောင်း ဒုတိယသမ္မတဟောင်း    ဂျိုးဘိုင်ဒင်က ပြောသည်။

ဂျိုးဘိုင်ဒင်သည် လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဇူလိုင် ၁၁ ရက်တွင် ၄င်း၏ပထမဆုံးနိုင်ငံခြားရေး မူဝါဒများကို ထုတ်ဖော်ပြောခြင်း ဖြစ်သည်။

ထရမ့်၏နိုင်ငံခြားရေးမူဝါဒများက အခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေသည့်အတွက် အမေရိကန်နိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်း၊ အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများကို ဦးဆောင်နိုင်စွမ်းရှိသည့်နိုင်ငံဖြစ်ကြောင်း  ဂျိုးဘိုင်ဒင်က နယူးယောက်မြို့၌ ပြောသည်။

ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတဖြစ်သည့် ထရမ့်သည် ပဲရစ်ရာသီဥတုသဘောတူစာချုပ်၊ အီရန်နျူကလီးယား သဘောတူစာချုပ်၊ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ဖက်နိုင်ငံများ သဘောတူ စာချုပ်တို့မှ နုတ်ထွက်ပြီး NATO  တပ်ဖွဲ့တို့မှလည်း နုတ်ထွက်ရန်ခြိမ်းခြောက်ခြင်းတို့ကြောင့် မဟာမိတ်နိုင်ငံများနှင့်ဆက်ဆံရေးကို မတည်မငြိမ်ဖြစ်စေကြောင်း သိရသည်။

ဂျိုးဘိုင်ဒင်သည်   ဒုတိယသမ္မတအဖြစ် ရှစ်နှစ်ကြာနှင့် အမေရိကန်အထက်လွှတ်တော်၌  ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင် ဖူးကြောင်း သိရသည်။                 Ref: Reuters

Read 33 times Last modified on Saturday, 13 July 2019 14:50