SJ WorldNews - шаблон joomla Авто

ဟောင်ကောင်၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွား

Sunday, 14 July 2019 08:30 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်၊ ဆန္ဒပြမှု

ဟောင်ကောင်ဒေသရှိ ရှန်းရွှေမြို့၌ မူပိုင်ခွင့်မဲ့ သွင်းကုန်လုပ်ငန်းရှင်များကို ဆန့်ကျင်ကန့်ကွက်သည့်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ငရုတ်ကောင်းအရည်များအသုံးပြု၍ ဆန္ဒပြသူများကို လူစုခွဲရကြောင်း သိရသည်။ အဆိုပါဆန္ဒပြချီတက်မှုမှာ ဇူလိုင် ၁၃ ရက်တွင် ငြိမ်းချမ်းစွာစတင်ကာ ပြီးဆုံးသွားသော်လည်း ဆန္ဒပြသူအချို့က ဆက်လက်၍ ဗလုံးဗထွေးအသံများဖြင့် အော်ဟစ်ဆန္ဒပြသောကြောင့် ရဲတပ်ဖွဲ့က လူစုကွဲစေရန်ကြိုးပမ်းရခြင်းဖြစ်သည်။ ဆန္ဒပြသူအရေအတွက်ကို မသိရသော်လည်း ရဲတပ်ဖွဲ့က လူအချို့ကိုဖမ်းဆီးထားသည်။ ပြီးခဲ့သည့်သီတင်းပတ်များတွင် တရားခံကို ပြစ်မှုကျူးလွန်ရာပြည်မကြီးသို့ လွှဲပြောင်းပေးရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ဆန္ဒပြမှုဖြစ်ပွားသည့် အဆောက်အအုံ ရှေ့မှာပင် ဇူလိုင် ၁၃ ရက်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာက မူပိုင်ခွင့်မဲ့    သွင်းကုန်လုပ်ငန်းရှင်များကို ဆန္ဒပြခြင်းဖြစ်သည်။ အစိုးရနှင့် ဒေသတွင်းခရိုင်ကောင်စီတို့သည်  မူပိုင်ခွင့်မဲ့လုပ်ငန်းရှင်များ၏  အခွန် ရှောင်တိမ်းမှုကို  မျက်ကွယ်ပြုထားကြောင်း ဆန္ဒပြလှုပ်ရှားမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂိုနယ်လျောင်က ဝေဖန်ပြောသည်။ ထို့ပြင်  မူပိုင်ခွင့်မဲ့သွင်းကုန်လုပ်ငန်းရှင် များကြောင့် ခရိုင်အတွင်း လက်လီရောင်းချသည့်ဈေးကွက်ကို ထိခိုက်စေကြောင်း ဝေဖန်သူများကပြောသည်။ ဆန္ဒပြသူများက ဆေးဆိုင်များနှင့် အလှကုန်ပစ္စည်းများ အများဆုံးရှိသည့်လမ်းများသို့ချီတက်၍ ခရိုင်ကောင်စီများသည်  အသုံးမကျဟု  အော်ဟစ်ခဲ့ကြသည်။ ဆန္ဒပြသူများက   ရှန်ကျန်းဒေသခံများ အတွက် သီတင်းပတ်တစ်ပတ်ကြာအလည် အပတ်ခွင့်ပြုသည့် မူဝါဒကို အစိုးရအနေဖြင့်ရုပ်သိမ်းရန်၊ မူပိုင်ခွင့်မဲ့ ကုန်သည်များကို နာမည်ပျက်စာရင်းသွင်းရန်နှင့် လမ်းများကိုပိတ်၍ ဈေးရောင်း သူများကို အရေးယူရန် တောင်းဆိုကြကြောင်း သိရသည်။

Read 15 times Last modified on Sunday, 14 July 2019 08:32