SJ WorldNews - шаблон joomla Авто

ဂျပန်နှင့်တောင်ကိုရီးယားကြား နောက်ထပ်မပြေလည်မှုများဖြစ်ပွား

Sunday, 14 July 2019 08:51 font size decrease font size decrease font size increase font size increase font size

တိုကျို၊ စီးပွားရေး

ဂျပန်အစိုးရသည်  တောင်ကိုရီးယားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ကွန်ပျူတာနှင့် စမတ်ဖုန်းဖန်သားပြင်များ ထုတ်လုပ် ရာတွင် အဓိကအသုံးပြုသောကုန်ကြမ်းပစ္စည်းများတင်ပို့မှုကို တင်းကျပ်မှုမဖြေရှင်းရမီတောင်ကိုရီးယားအစိုးရသည် မှားယွင်းသော ဆွေးနွေးမှုများကိုပြုလုပ်ကြောင်း   ဂျပန်က စွပ်စွဲလိုက်သဖြင့် နှစ်နိုင်ငံကြား နောက်ထပ်မပြေလည်မှုများ ဖြစ်ပွားသည်။ တောင်ကိုရီးယားနိုင်ငံသို့ နည်းပညာမြင့် ကုန်ကြမ်းပစ္စည်းများတင်ပို့မှုကို ဂျပန်က တင်းကျပ်လိုက်ခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၁၂ ရက်တွင်ဆွေးနွေးရာ နှစ်ဖက်စလုံး၏ မပွင့်လင်းမှုကြောင့် သဘောတူညီမှုပျက်ခဲ့ရသည်ဟု ဂျပန်ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောသည်။ ဂျပန်အစိုးရ၏ပို့ကုန်တင်းကျပ်မှုကို ရုပ်သိမ်းပေးရန် တောင်ကိုရီးယားက တောင်းဆိုကြောင်း ယင်းနိုင်ငံမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန(METI)နှင့် အငြင်းပွားခြင်းဖြစ်သည်။ ဇူလိုင် ၁၂ ရက်တွင်ကျင်းပသော ဆွေးနွေးပွဲအတွင်း ဂျပန်အစိုးရဘက်မှ ပို့ကုန်တင်းကျပ်မှုကို ရုပ်သိမ်းပေးရန် တောင်ကိုရီးယားအစိုးရဘက်က တောင်းဆိုကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ တစ်ဦးကပြောသည်။ သို့သော် အဆိုပါဆွေးနွေးပွဲမှတ်တမ်းကို ပြန်လည်စစ်ဆေးရာတွင် တောင်ကိုရီးယားဘက်မှ ထိုသို့တောင်းဆိုမှုတစ်စုံတစ်ရာမတွေ့ရကြောင်း METI ၏ကုန်သွယ်ရေးမူဝါဒ ထိန်းချုပ်မှုဌာနမှ ညွှန်ကြားရေးမှူး ဂျန်အီဝါမာဆုက တုံ့ပြန်ပြောဆိုထားသည်။ တောင်ကိုရီးယားနိုင်ငံသို့ နည်းပညာမြင့် ကုန်ကြမ်းပစ္စည်းများတင်ပို့ရာတွင် ပြည့်စုံမှုမရှိသော စီမံခန့်ခွဲမှုကြောင့် ကန့်သတ်ရခြင်းဖြစ်ကြောင်း ဂျပန်အစိုးရဘက်ကပြောသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းခံရသည့် တောင်ကိုရီးယားနိုင်ငံသားများကို ဂျပန်ကုမ္ပဏီများက နစ်နာကြေး ပေးရမည်ဟု တောင်ကိုရီးယားတရားရုံးချုပ်က အမိန့်များ ချမှတ်ပြီးနောက် ဂျပန်က အဆိုပါနည်းပညာ မြင့်ကုန်ကြမ်းပစ္စည်းများ တင်ပို့မှုကို တင်းကျပ်လိုက်ခြင်းဖြစ်သည်။

Read 20 times Last modified on Sunday, 14 July 2019 08:52