SJ WorldNews - шаблон joomla Авто

အာသံပြည်နယ်၌ ဒေသခံပြည်သူ ကိုးသိန်းနီးပါး ရေလွှမ်းမိုးမှုဒဏ်ခံစားနေရ

Sunday, 14 July 2019 08:52 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံပြည်သူ ကိုးသိန်းနီးပါး ရေလွှမ်းမိုးမှု ဒဏ်ခံစားနေရပြီး လူထောင် ပေါင်းများစွာမှာ နေအိမ်စွန့်ခွာထွက်ပြေးရကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။ ရေလွှမ်းမိုးမှုဒဏ်ခံစားရသူများကို တာဝန်ရှိသူများက ဆေးဝါးနှင့် အစားအစာများ ထောက်ပံ့ပေးထားပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့က ခရိုင် ၃၃ ခုအနက် ၂၁ ခုရှိ ကျေးရွာ ၁၅၅၆ ရွာမှ ရေလွှမ်းမိုးမှု ဒဏ်ခံစားရသည့် ဒေသခံပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးကြောင်း သိရသည်။ ထို့ပြင် မိုးရွာသွန်းမှုကြောင့် အာသံပြည်နယ်ရှိ ဗြဟ္မပုတ္တရမြစ်နှင့် မြစ်လက်တက်များတွင် မြစ်ရေကြီးမှု ဖြစ်ပွားလျက်ရှိကြောင်းနှင့် မကြာသေးမီရက်များ အတွင်းကလည်း အချို့သောနေရာများ၌ ရေကြီးမှုများဖြစ်ပွား ကြောင်းသိရသည်။ အာသံပြည်နယ်အတွင်း ယင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် နေအိမ်စွန့်ခွာခဲ့ရသည့် ဒေသခံ ၈ဝဝဝ ကျော်ကို  အစိုးရ၏ ယာယီကယ်ဆယ်ရေး စခန်း ၆၈ ခု၌ထားရှိကြောင်း သိရသည်။

 

Read 47 times Last modified on Sunday, 14 July 2019 08:53