SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ မွေးကင်းစကလေးငယ်၏ ကျောက်ကပ်ဖြင့် အမျိုးသမီးတစ်ဦးကို အစားထိုးကုသမှုအောင်မြင်

Sunday, 14 July 2019 08:53 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံ၌ လမစေ့ဘဲမွေးလာသော အလှူရှင်မွေးကင်းစကလေးငယ်၏ ကျောက်ကပ်ဖြင့် အသက် ၄၇ နှစ်ရှိ အမျိုးသမီးတစ်ဦးကို ကျောက်ကပ်အစားထိုးကုသမှု လုပ်ဆောင်ရာအောင်မြင်ကြောင်း   ဟူဘေးပြည်နယ် အလယ်ပိုင်းမှ ဆရာဝန်များကပြောသည်။ အဆိုပါကျောက်ကပ်အလှူရှင် ကလေးငယ်၏ အလေးချိန်မှာ ၁ ဒသမ ၃ ကီလိုဂရမ်သာရှိသည်။ ကျန်းရှီပြည်နယ် ဒူချန်းစီရင်စုမှ ကျောက်ကပ်ပျက်စီးနေသည့် ဝန်အမည်ရှိ ၎င်းအမျိုးသမီးသည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဆီးအဆိပ်တက်သည့် ရောဂါဖြစ်ပွားသည်ကို ဆေးစစ်ချက်အရ   ရှာဖွေတွေ့ရှိပြီးနောက် ဇူလိုင်လတွင် အဆိုပါ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဝန်သည် အစားထိုးခွဲစိတ်မှု မလုပ်ဆောင်ဘဲ ၎င်းအသက်ဆက် ရှင်ရန်အတွက် ကျောက်ကပ်ဆေးခြင်းနှင့် သွေးစစ်ဆေးခြင်းများသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းကို မွေးကင်းစကလေး ငယ်တစ်ဦးထံမှ ကျောက်ကပ်များဖြင့် အစားထိုးခွဲစိတ် ကုသပေးကြောင်းနှင့် ကလေးငယ်များ၏ မိဘများသည်လည်း လမစေ့ဘဲမွေးဖွားလာသည့် အတွက်သေဆုံးသွားသည့် ၎င်းတို့ကလေးငယ်၏ ကိုယ်အင်္ဂါအစိတ်အပိုင်း များကို လှူဒါန်းရန်ဆုံးဖြတ်ခဲ့ကြောင်း ဆေးရုံတာဝန် ရှိသူများက ပြောသည်။ ၎င်းကလေးငယ်၏ကျောက်ကပ်များမှာ အစားထိုးခွဲစိတ်မှု မလုပ်မီ ၃ စင်တီမီတာနှင့်၎ စင်တီမီတာသာရှိသော်လည်း အစားထိုး ခွဲစိတ်ကုသမှု လုပ်ဆောင်ပြီးနောက် တစ်နှစ်အကြာတွင် ကျောက်ကပ်မှာ အမျိုးသမီးခန္ဓာ ကိုယ်အတွင်း  ၆ ဒသမ ၉ စင်တီမီတာမှ ၇ ဒသမ ၆ စင်တီမီတာအထိ ကြီးထွားလာသည်ကိုတွေ့ရသည်။

Read 21 times Last modified on Sunday, 14 July 2019 08:58