SJ WorldNews - шаблон joomla Авто

ဆူဒန်၌ စစ်ကောင်စီနှင့် အတိုက်အခံအဖွဲ့ကြား နိုင်ငံရေးသဘောတူညီချက်တစ်ခုလက်မှတ်ထိုး

Thursday, 18 July 2019 09:23 font size decrease font size decrease font size increase font size increase font size

ခါတွမ်း၊  နိုင်ငံရေး

ဆူဒန်နိုင်ငံ၌  စစ်ကောင်စီနှင့် အတိုက်အခံမဟာ မိတ်အဖွဲ့တို့သည်    နိုင်ငံကို  ဒီမိုကရေစီအုပ်ချုပ်မှု စနစ်သို့ ကူးပြောင်း မှုတွင် အာဏာမျှဝေ အသုံးပြုမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ကို   ဇူလိုင် ၁၇ရက်တွင် သဘောတူ လက်မှတ် ရေးထိုးကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် အာဖရိကဖျန်ဖြေပေးရေး အဖွဲ့သည် သဘောတူညီချက်ရရှိရန်အတွက် ကြားဝင် ဖျန်ဖြေသည့် ဆွေးနွေးပွဲ လုပ်ဆောင်ပြီးနောက် နှစ်ဦး နှစ်ဖက်ကြား သဘောတူလက်မှတ်ရေးထိုးမှုထွက်ပေါ် လာခြင်းဖြစ်ကြောင်းနှင့်   အဆိုပါ သဘောတူလက်မှတ်ရေးထိုးမှုကို ခါတွမ်းမြို့၌ လုပ်ဆောင်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်သည်   ဆူဒန်နိုင်ငံ၏ နိုင်ငံရေးအကူးအပြောင်းအတွက်  လမ်းကြောင်းဖြစ်ပြီး ဧပြီလတွင် သမတဟောင်း အိုမာအယ်ဘာရှာကိုဆန့်ကျင် သည့်ဆနပြမှုများ လုပ်ဆောင်ကာ ရာထူးမှဖြတ်ချပြီးနောက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ဆူဒန်နိုင်ငံသည် နိုင်ငံ၏ ဆင်းရဲမှုကို ကျော်လွှားရန်နှင့် အကြမ်းဖက်မှု ထောက်ခံသည့်နိုင်ငံဟု သတ်မှတ်ခံထား  ရသည့် စာရင်းမှ ဖယ်ရှားပေးရန် အတွက်  အမေရိကန်ကို တောင်းဆိုရန် လိုအပ်ကြောင်း   အီသီယိုးပီးယားနိုင်ငံမှ ဖျန်ဖြေ ပေးသူ မာမွတ်ဒီရီကပြောသည်။

နှစ်ဖက်စလုံးသည်  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်ထုတ်ပြန်နိုင်ရေး   လုပ်ဆောင်လျက်ရှိပြီး    ဇူလိုင် ၁၉ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးသွားမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Ref: Reuters

Read 21 times Last modified on Thursday, 18 July 2019 10:03