SJ WorldNews - шаблон joomla Авто

ရုရှားမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ အားလုံး ၂၀၂၃ ခုနှစ်တွင် အိန်္ဒိယသို့ ရောက်မည်

Thursday, 18 July 2019 09:23 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ စစ်ရေး

ရုရှားနိုင်ငံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ငါးခု စလုံးသည် အိန်္ဒိယ နိုင်ငံသို့ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရောက်ရှိ မည်ဖြစ်ကြောင်း အိန်္ဒိယ ကာကွယ်ရေး ၀န်ကြီး ဌာနက ဇူလိုင် ၁၇ ရက်တွင်ထုတ်ပြန်သည်။

အမေရိကန်၏ ပြိုင်ဘက် နိုင်ငံများအပေါ် အရေးယူ ပိတ်ဆို့မှု ချမှတ်ခြင်းဖြင့် တုံ့ပြန်သည့် ဥပဒေ၏ ခြိမ်းခြောက်မှုများ ရှိနေစဉ် အိန်္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနမှ အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန်္ဒိယနှင့်  ရုရှားသည်  အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အဆိုပါ S-400 လေကြောင်းရနကာကွယ်ရေး စနစ်များ ၀ယ်ယူ ရောင်းချရေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် သဘောတူလက်မှတ် ရေးထိုး သည်။

အဆိုပှါ-၄၀၀ လေကြောင်းရန်ကာကွယ် ရေးစနစ်သည် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် တစ်ခုဖြစ်သည်။ ထို့ပြင် ပဲ့ထိန်း ဒုံးကျည်များနှင့် ကင်းထောက် လေယာဉ်များ အပါအ၀င် တာတိုမှ တာဝေး အထိပစ်ခတ် နိုင်စွမ်းရှိသော ဒုံးကျည်အမျိုး အစား လေးမျိုးကို သယ်ဆောင် နိုင်စွမ်းရှိသည်။

ယင်းကာကွယ်ရေး စနစ်များ ၀ယ်ယူမှုအတွက် အိန်္ဒိယနှင့် ရုရှားတို့က နိုင်ငံသုံးငွေ ကြေးများဖြင့် အရောင်းအ၀ယ်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။                

Ref: Sputnik

.............

Read 23 times Last modified on Thursday, 18 July 2019 09:44