SJ WorldNews - шаблон joomla Авто

ဥရောပ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဂျာမနီကာကွယ်ရေးဝန်ကြီး ရွေးချယ်ခံရ

Thursday, 18 July 2019 09:44 font size decrease font size decrease font size increase font size increase font size

ဘာလင်၊ နိုင်ငံရေး

ဂျာမနီကာကွယ်ရေးဝန်ကြီး အူးဆူလာဗွန်ဒေးလိုင်ယန်သည် ဇူလိုင် ၁၆ ရက်တွင် ဥရောပလွှတ်တော်၏ထောက်ခံမှုဖြင့် ဥရောပ ကော်မရှင်ဥကဋ္ဌဖြစ်လာကြောင်း ထုတ်ပြန်ချက်တစ်ရပ်အရသိရသည်။ ၎င်းသည် ဥရောပ ကော်မရှင် ဥကဋ္ဌ ရာထူးကို ရရှိသည့် ပထမဆုံး အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

အူးဆူလာဗွန်ဒေးလိုင်ယန်အနေဖြင့် ဥရောပ ကော်မရှင် ဥကဋ္ဌ ဖြစ်လာရန် ကွန်ဆာ ဗေးတစ်ပါတီဝင်များ အပါအ၀င် ဆိုရှယ်လစ် ၀ါဒီများ၊ လစ်ဘရယ်လွှတ်တော်အမတ်များ ၏ ထောက်ခံမှုရရှိပြီး ဥရောပသမဂ်္ဂ၌ ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေးနှင့် ဒီမိုကရေစီ ထိန်းသိမ်းရေးကဲ့သို့ကိစများကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည်။

ထို့ပြင် ၎င်းင်းသည် နည်းပညာ ကုမဏီများ ပါဝင်သည့် အယုံအကြည်မရှိသောပြဋ္ဌာန်းချက်များ၊ ဥရောပနိုင်ငံသား သန်း ၅၀၀ အတွက် ရာသီဥတုမူဝါဒ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများအတွက် တာဝန်ခံအဖြစ် ထမ်းဆောင်ရ မည်ဖြစ်သည်။

၎င်းအနေဖြင့်  ထောက်ခံမဲ ၃၈၃ မဲ၊ ကန့်ကွက်မဲ ၃၂၇ မဲဖြင့် အတည်ပြု ခံရခြင်းဖြစ်ပြီး လိုအပ်သည့် ထောက်ခံမဲမှာ ၃၇၄ မဲ ဖြစ်ကြောင်း လွှတ်တော်ဥကဋ္ဌ ဒေးဗစ်ဆတ် ဆိုလီကပြောသည်။ ထောက်ခံမှု ၅၂ ရာခိုင်နှုန်းဖြင့် အူးဆူလာဗွန် ဒေး လိုင်ယန်၏ အနိုင် ရရှိမှုသည် မကြာသေးမီကမျှော်မှန်းထားသည့် ခန့်မှန်းချက်များနှင့် ကိုက်ညီကြောင်း သိရသည်။                       

Ref: Reuters

Read 56 times Last modified on Thursday, 18 July 2019 09:44