SJ WorldNews - шаблон joomla Авто

ဥရောပတပ်ဖွဲ့ ဖွဲ့စည်းမည့် မက်ခရွန်ကို နိုင်ဂျယ် ဖယ်ရာ့သတိပေး

Thursday, 18 July 2019 09:44 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ၊ စစ်ရေး

ဥရောပကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရေးကို ထောက်ခံဖန်တီးနေသည့် ပြင်သစ်သမ်္မတ မက်ခရွန်ကို  ဘရက်ဇစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ်ဖယ်ရာ့ကဆန့်ကျင်ပြီး ထပ်မံသတိပေး လိုက်ကြောင်း သိရသည်။

မက်ခရွန်သည် အထူးသဖြင့် ဥရောပသမဂ်္ဂ အဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရန်အတွက် ဥရောပကာကွယ်ရေး တပ်ဖွဲ့ ဖွဲ့စည်းရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကနဦးထောက်ခံခဲ့ သည်။

မက်ခရွန်စီစဉ်နေသည့် ဥရောပတပ်ဖွဲ့သည် NATO  တပ်ဖွဲ့၏ ပြိုင်ဘက်ဖြစ်လာနိုင်ကြောင်း နိုင်ဂျယ်ဖယ်ရာ့က ဇူလိုင် ၁၆ရက်တွင် ကျင်းပသည့် ဥရောပ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

၎င်းင်းသည် ဥရောပသမဂ်္ဂခေါင်းဆောင်သစ် ရွေးကောက်ပွဲတွင် ဂျာမနီ ကာကွယ်ရေး ၀န်ကြီးကို ထောက်ခံခြင်းမပြုရန် အဖွဲ့ဝင်များကို တိုက်တွန်းရာတွင် အောင်မြင်ခြင်းမရှိကြောင်း သိရသည်။ ဂျာမနီသည် ဥရောပတပ်ဖွဲ့ ဖွဲ့စည်းရန် အပြင်း အထန်ကြိုးပမ်း နေသော်လည်း ထိုတပ်ဖွဲ့ကို  ဖွဲ့စည်းရန်အလိုရှိသည်မှာ ထိုတစ်နိုင်ငံတည်း မဟုတ်ကြောင်း နိုင်ဂျယ်  ဖယ်ရာ့က ပြောသည်။

ဥရောပအဖွဲ့ ဖွဲ့စည်းရေးအဆိုပြုချက်ကို ဂျာမနီကာကွယ်ရေး ၀န်ကြီးက ထောက်ခံပြီး အဆိုပါ တပ်ဖွဲ့သည် အမှန် တကယ် လိုအပ်သည့် အဖွဲ့ တစ်ဖွဲ့ ဖြစ်လာမည် ဖြစ်ကြောင်း ပြောထားသည်။

Ref: Sputnik

..............

Read 29 times Last modified on Thursday, 18 July 2019 09:45