SJ WorldNews - шаблон joomla Авто

အမေရိကန် အနေဖြင့် အီရန်နှင့်ဆွေးနွေးလိုလျှင် အရှေ့ အလယ်ပိုင်းသို့ လက်နက်ရောင်းချမှု ရပ်တန့်ရမည်

Thursday, 18 July 2019 09:45 font size decrease font size decrease font size increase font size increase font size

တီဟီရန်၊ နိုင်ငံရေး

အမေရိကန်အနေဖြင့် အီရန်၏ပဲ့ထိန်း ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍  ဆွေးနွေးလိုပါက အရှေ့အလယ်ပိုင်းသို့ လက်နက် တင်ပို့ရောင်းချနေမှုကို ဦးစွာရပ်တန့်ရမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က ဃြ သတင်းဌာနသို့ ပြောသည်။

ထို့ပြင်အမေရိကန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့်  အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းပြီးမှသာ အီရန်အနေဖြင့် အမေရိကန် နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်အပါအ၀င် နျူကလီးယားစာချုပ်နှင့်ပတ်သက်၍ ဆွေးနွေး  မည်ဖြစ်ကြောင်း ဂျာဗက်ဇာရစ်က ဆက်ပြောသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်သည် ခံစစ် အတွက်သာဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာအတွက် အရေးပါဆုံးအစိတ်အပိုင်း ဖြစ်ကြောင်းနှင့် အဆိုပါကိစကို ဆွေးနွေးမည် မဟုတ်ကြောင်း အီရန် အစိုးရက အစောပိုင်းတွင် အခိုင်အမာ ပြောထားသည်။

အီရန်က ပင်လယ်ကွေ့ဒေသ၌ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ရေနံတင် သင်္ဘောကို သိမ်းဆည်းကြောင်း အမေရိ ကန်က သံသယရှိသည်ဟူသော  ထုတ်ပြန်ချက်များ ထွက်ပေါ်နေသော်လည်း အီရန်အစိုးရက ငြင်းဆိုထားသည်။

အဆိုပါရေနံတင်သင်္ဘောသည်   စက်ချွတ်ယွင်းသွားသည့် အတွက် အီရန်ရေတပ်က အကူအညီပေးခြင်းဖြစ်ကြောင်း၊ တွန်းသင်္ဘော ၏အကူအညီဖြင့်  ထိုရေနံတင်သင်္ဘောကို အီရန်ရေပိုင်နက်အတွင်းသယ်လာခြင်းဖြစ်ပြီး လိုအပ်သော ပြုပြင်မှုများ ပေးရန်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါသင်္ဘောသည်

ဘေးဒုကရောက်မှု အချက်ပြခြင်းကို ထုတ်လွှင့်ခြင်းမရှိကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။                    

Ref: Sputnik

Read 73 times Last modified on Thursday, 18 July 2019 09:47