SJ WorldNews - шаблон joomla Авто

အထူးတပ်ဖွဲ့၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဒေါ်လာ သန်း ၃၄၀ အသုံးပြုမည့် သြစတြေးလျ

Tuesday, 13 August 2019 12:21 font size decrease font size decrease font size increase font size increase font size

သြစတြေးလျနိုင်ငံသည်  ၎င်းတို့ အထူး တပ်ဖွဲ့၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဒေါ်လာသန်း ၃၄၀ ကို အသုံးပြု သွားမည် ဖြစ်ကြောင်း အစိုးရက သြဂုတ် ၁၂ ရက်တွင်ထုတ်ပြန်သည်။

သြစတြေးလျ နိုင်ငံက ပစိဖိတ်ဒေသ အတွင်း အဓိက ကဏ္ဍမှ ပါဝင်ရန် ကြိုးပမ်းနေစဉ် ဆစ်ဒနီနှင့် မဲဘုန်းမြို့များ၌ ပြီးခဲ့သည့် နှစ် များအတွင်း လုံခြုံရေး အခြေအနေ လျော့ပါး လာပြီးနောက် အစိုးရ၏ အဆိုပါ စွမ်းဆောင် ရည်မြှင့်တင် မည့် အစီအစဉ် ထွက်ပေါ်လာ ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်သည်    လုံခြုံရေးအတွက် ဒေါ်လာ ၃ ဘီလီယံအသုံးပြုမည့် အစိုးရ၏ နှစ်၂၀ စီမံကိန်း၏ ပထမအဆင့်

ဖြစ်သည်။အထူးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးခြင်းသည် ပြည်တွင်းမှ သာမက ပြည်ပမှထွက်ပေါ်လာ နိုင်သည့် ခြိမ်းခြောက်မှုများကို   ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်မည် ဖြစ်ကြောင်း အစိုးရက ပြောသည်။

ကမာ့နိုင်ငံများ အနေဖြင့် အင်ဒို- ပစိဖိတ် ဒေသအတွင်း တရားဥပဒေနှင့် အညီလွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီး တစ်နိုင်ငံချင်းစီ အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ရှာဖွေနိုင် ခြင်းသည် သြစတြေးလျ နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားဖြစ်ကြောင်း ၀န်ကြီးချုပ်စကော့ မောရစ်ဆင်က  ဆစ်ဒနီမြို့ရှိ  ဟိုးဝါသီစစ် အခြေစိုက်စခန်းတွင် သတင်း ထောက်များကို  ပြောသည်။ ကာကွယ်ရေးအသုံးစရိတ်အတွက် အစိုးရကအသုံးပြုနေသည့် ငွေကြေးပမာဏ  သည် လာမည့် ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်ကုန် ပိုင်းအထိ နိုင်ငံ့ဂျီဒီပီ၏၂ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဖြစ်သည်။   သြစတြေးလျ နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်သည် ပြီးခဲ့ သည့်နှစ်က ဂျီဒီပီ၏ ၁ ဒသမ ၈၉ ရာခိုင်နှုန်း ရှိသည်ဟု    ကမာ့ဘဏ်ကထုတ်ပြန်သည့်  အချက်အလက်များတွင်ဖော်ပြထားသည်။

အထူးတပ်ဖွဲ့သည် ရှုပ်ထွေးပြီး အနရာယ် ကြီးမားသော ပတ်ဝန်းကျင်တွင်  စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင် နေရကြောင်း၊ တစ်ကမ်္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများသည် ဆက်လက်ပြောင်းလဲ ဖြစ်ပေါ်နေမည်ဖြစ်သောကြောင့်   အစိုးရက  လုပ်ဆောင်မည့်  အထူးတပ်ဖွဲ့၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်သည် နိုင်ငံ၏ အကျိုးစီးပွားကို  ခြိမ်း ခြောက် လာနိုင်သူများကို  ဟန့်တားနိုင် မည်ဖြစ်ကြောင်း မောရစ်ဆင်က ပြောသည်။

အထူးတပ်ဖွဲ့၏ စွမ်းဆောင်ရည်တိုးမြှင့်မည့် အစီအစဉ်တွင် အဓိကအားဖြင့် တပ်ဖွဲ့ဝင်များအတွက် လက်နက်ပစည်းများ၊  ကျည်ကာ အင်္ကျီများ၊ ဒိုင်ဗင်ထိုးခြင်းနှင့် လေထီးခုန်ခြင်း များလုပ်ဆောင်ရာတွင် အသုံးပြုမည့် ပစည်း ကိရိယာများ၊ အမြင့်သို့ တက်ရာတွင် အသုံးပြုသည့် ပစည်း ကိရိယာများကို တပ်ဆင်ပေးခြင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး၊  ဆက် သွယ်ရေး အပါအ၀င် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး လင်ဒါရေးနိုး ကပြောသည်။

သြစတြေးလျ နိုင်ငံသည် ပစိဖိတ်ဒေသရှိ မဟာမိတ် နိုင်ငံများမှ လက်နက်ကိုင် တပ်များကို လေ့ကျင့်ပေးခြင်းနှင့် အကူ အညီ ပေးခြင်း ကိုလုပ်ဆောင်မည်ဟု ပြီးခဲ့သည်လအတွင်းက ပြောကြားထားသည်။        

Ref: The Guardian,Reuters

မောင်ယုယ

 

Read 53 times Last modified on Tuesday, 13 August 2019 12:35