SJ WorldNews - шаблон joomla Авто

ရေနံမှ ရရှိသည့်ဘဏ္ဍာငွေကြေးအပေါ် အမှီသဟဲပြုခြင်းကို အီရန်လျှော့ချမည်

Tuesday, 13 August 2019 12:35 font size decrease font size decrease font size increase font size increase font size

တီဟီရန်၊ စွမ်းအင်

အီရန်အနေဖြင့် ရေနံထုတ်လုပ်မှုမှရရှိ သည့်ဘဏ္ဍာငွေကြေးအပေါ်အမှီသဟဲပြုနေ ခြင်းကို  လျှော့ချမည်ဖြစ်ကြောင်း   အီရန် စီမံကိန်းနှင့်   အသုံးစရိတ်ဆိုင်ရာအဖွဲ့၏ အကြီးအကဲ   မိုဟာမက်ဘာဂါနိုဘက်က  သြဂုတ် ၁၂ ရက်တွင်ပြောသည်။

ပိတ်ဆို့မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရစဉ် အီရန်သည် အတော်အတန် များပြားသည့် အသုံးစရိတ် အရင်း အမြစ်များ ကို  ဆုံးရှုံးမည်ဖြစ်သောကြောင့် အစိုးရက နောက်နှစ်အတွက် အသုံးစရိတ်ရေးဆွဲရာတွင် ရေနံရောင်းချရာမှ ရရှိသည့်  ငွေကြေး များအပေါ်  နိုင်ငံကအမှီသဟဲပြုနေခြင်းကို လျှော့ချရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း  နိုဘက်၏ ပြောဆိုချက်ကို ကိုးကား၍  Mehr  သတင်း ဌာနကဖော်ပြသည်။

ထို့ပြင် အီရန်အနေဖြင့် ပိတ်ဆို့မှုချမှတ် ခြင်းမခံရသည့် သာမန်အချိန်အတွင်းမှာပင် ရေနံမှရရှိသည့်ဘဏ္ဍာငွေ အပေါ် အမှီသဟဲပြုခြင်းကို လျှော့ချရန်လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အီရန်နိုင်ငံသည်  ရေနံရောင်းချရာမှရရှိသည့်  ငွေကြေးများအပေါ် အမှီသဟဲပြုနေခြင်းကို လျှော့ချနိုင်မည်ဆိုပါက အမေရိကန် အစိုးရကချမှတ်သည့်ပိတ်ဆို့မှုသည်ထိရောက် မှုလျော့ကျလာမည်ဖြစ်ကြောင်းသမတ ဟက်ဆန်ရူဟာ နီက   အစောပိုင်းတွင်ပြောသည်။

ထို့ပြင်  အီရန်အစိုးရက  ကောင်းစွာစီမံ ရေးဆွဲထားသည့် စီးပွားရေးတည်ဆောက်ပုံ တစ်ရပ်ချမှတ်နိုင်ပါက အသုံးစရိတ် ချမှတ် ရာတွင် ရေနံမှရရှိသည့်ဘဏ္ဍာငွေကြေးများ ကို ထည့်သွင်းစဉ်းစားရန်လိုအပ်မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြော သည်။

ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန် အစိုးရသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် အီရန်အပေါ်ချမှတ်မည့် ပိတ်ဆို့မှု အပြည့် အစုံကို ဖော်ပြခဲ့သည်။  အဆိုပါပိတ်ဆို့မှုများတွင်   အီရန်၏ စွမ်းအင်၊  ဘဏ်လုပ်ငန်း၊ ရေကြောင်း သယ်ယူပို့ ဆောင် ရေးနှင့်  လေယာဉ်မောင်းနှင်ပျံသန်းရေး စသည့်ကဏ္ဍများ ပါဝင်သည်။

ထရမ့်သည် အီရန်နှင့် ကမာ့ အင်အားကြီး နိုင်ငံများကြား၂၀၁၅ ခုနှစ်ကချမှတ်ခဲ့သည့် နျူကလီးယား သဘော တူညီချက်ကို ကာလ ရှည်ကြာဝေဖန်ပြောဆိုပြီးနောက်   အဆိုပါသဘောတူညီချက်မှ ပြီးခဲ့သည့်နှစ်  မေလ တွင်နုတ် ထွက် ခဲ့ပြီး နောက်ပိုင်းမှစ၍ အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကြား တင်းမာမှုမြင့်တက်လာခြင်းဖြစ်သည်။

Ref: Sputnik

Read 54 times Last modified on Tuesday, 13 August 2019 12:35