SJ WorldNews - шаблон joomla Авто

မက္ကဆီကိုနိုင်ငံသားအယောက် ၉ဝဝ ခန့်က ရိုးရာအကဖြင့် ကမ္ဘာ့မှတ်တမ်းဝင်

Monday, 26 August 2019 09:21 font size decrease font size decrease font size increase font size increase font size

မက္ကဆီကိုနိုင်ငံသားအယောက် ၉ဝဝ ခန့်သည် ဂွါဒါလာဂျာရာမြို့၌ မက္ကဆီကိုရိုးရာ အကဖြင့် ကမ္ဘာပေါ်တွင်အကြီးမားဆုံးသော ရိုးရာအကကပြမှုဖြင့် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားကြောင်း သိရသည်။

အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၈၈၂ ဦးပါဝင်သည့်  အဆိုပါအကအဖွဲ့သည် သြဂုတ် ၂၄ ရက်တွင် အပူဒဏ်ကိုအန်တုကာ ရိုးရာဝတ်စုံများဝတ်ပြီး ယခင်တင်ထားသည့်ကမ္ဘာ့စံချိန်ကို ချိုးရန်ကြိုးပမ်းသည်။

ယခင်ကမ္ဘာ့စံချိန်က ၂ဝ၁၁ ခုနှစ်တွင်ရရှိခြင်းဖြစ်ပြီး  ထိုစဉ်က လူဦးရေ ၄၅၇ ဦး ပါဝင်ကပြသည်။

ယခုကဲ့သို့ ကမ္ဘာ့မှတ်တမ်းတွင် စံချိန်အသစ်ရရှိခြင်းကို ကြည့်ခြင်းအားဖြင့် ရိုးရာအကသည် လူငယ်များကြားတွင် ဆက်လက်ပျံ့နှံ့နေသည်ကိုပြသနေကြောင်း ပွဲစီစဉ်သူနှင့်ဂွါဒါလာဂျာရာမြို့  ကုန်သွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဇာဗီယာအိုရန်ဒိန်းက သတင်းထောက်များကိုပြောသည်။

ကမ္ဘာ့မှတ်တမ်းဝင်နိုင်ရေးအတွက် ကပွဲတွင်ပါဝင်သူများသည် ၅ မိနစ်ဆက်တိုက် ကကွက်များကို ဖန်တီးကပြရကြောင်း ဂင်းနစ်အဖွဲ့မှဒိုင်လူကြီး ကားလို့တာပီယာကပြောသည်။ ကပွဲတွင်ပါဝင်သူအများစုက ရိုးရာ ဘဲလေးအ ကသင်တန်းကျောင်းများမှ ဖြစ်ကြောင်း သိရသည်။           Ref: CNA

Read 20 times Last modified on Monday, 26 August 2019 09:22