SJ WorldNews - шаблон joomla Авто

အမေရိကန်၏ ထောက်ပံ့မှုများက ဖိလစ်ပိုင်တွင်စစ်သွေးကြွ တိုက်ဖျက်မှု အတွက် အကူ အ ညီဖြစ် စေမည် ဟု ဆို

Tuesday, 08 August 2017 09:40 font size decrease font size decrease font size increase font size increase font size

မနီလာ     သြဂုတ်    

အမေရိကန်ပြည်ထောင်စုသည် ဖိလစ်ပိုင် နိုင်ငံအား ကင်းထောက်လေ့လာစောင့်ကြည့် မှု အ တွက် ပစ္စည်းကိရိယာများ၊ လေ့ကျင့်ပေးမှုများ၊  သတင်းအချက်အလက်များနှင့် လေယာဉ် များကို ထောက်ပံ့ပေးထားကြောင်း

အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးက ပြောသည်။အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့ မှုများသည် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကြုံတွေ့ နေရသည့်IS စစ်သွေးကြွ အဖွဲ့အား သစ္စာခံ သော စစ်သွေးကြွ များ၏ တိုက်ခိုက် မှုများကို ချေ မှုန်းရန်နှင့် နိုင်ငံတောင်ပိုင်းရှိ မာရာဝီမြို့ ကိုစစ်သွေးကြွ များလက်မှ ပြန်လည်သိမ်းပိုက်ရန် အတွက် အကူအညီများဖြစ်စေမည်ဖြစ် ကြောင်း ဒေသတွင်းအစည်းအဝေးတက်ရန် အတွက်  ဖိလစ်ပိုင်နိုင်ငံ မနီ လာမြို့ သို့ ရောက် ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေ လာဆန်က ပြောသည်။

အမေရိကန်ကထောက်ပံ့ပေးသော ပစ္စည်းများတွင် Cessna  အမျိုးအစား လေယာဉ်နှစ် စင်း နှင့် မောင်း သူမဲ့လေယာဉ် အနည်းငယ်ပါ ဝင်ကြောင်းနှင့် ယင်း ပစ္စည်း ကိရိယာများက သာမန် လူများ ပင်လုပ်ဆောင် ရန်စိတ် ကူးခြင်း မရှိသည့် အကြမ်းဖက် လုပ်ရပ်များကိုဆောင် ရွက် နေသော စစ်သွေးကြွများကိုချေမှုန်းရာတွင် အကူ အညီများ ပေးစွမ်းနိုင်မည်ဖြစ်သည် ဟု တေ လာဆန်က ဆက်လက်ပြောသည်။

သို့သော် ဖိလစ်ပိုင်နိုင်ငံ၏လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များအပေါ် စိုးရိမ်ပူပန်မှုနှင့် ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း တို့သည် မည်သည့် ဆက်စပ်မှုမျှ မရှိကြောင်း တေလာဆန်က ဆက်လက်ပြောသည်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေသည် ၎င်းသမ္မတ တာဝန် ထမ်းဆောင်ချိန်မှ စ၍ မူးယစ် ဆေးဝါး နှိမ်နင်းမှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် လူ့အခွင့် အရေးကို ချိုးဖောက်ခြင်းဖြစ် သည်ဟု  အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင် ငံအချို့ က ပြစ်တင်ဝေဖန်ထားသည်။ သို့သော် ဒူတာတေသည်

Read 453 times Last modified on Tuesday, 08 August 2017 09:44