SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ မိုးသက် မုန်တိုင်း တိုက်ခတ် ဒေသခံ ၁၉ဝဝဝဝ နီးပါး ဘေး ကင်း ရာသို့ပြောင်းရွှေ့

Tuesday, 08 August 2017 09:47 font size decrease font size decrease font size increase font size increase font size

ပေကျင်း   သြဂုတ်  

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၌ ရက်ပေါင်းများစွာ  မိုးသက် မုန်တိုင်း အ ဆက်မပြတ် တိုက်ခတ်မှုကြောင့်

လူသုံးဦးသေဆုံးပြီး ဒေသခံ ၁၉ဝဝဝဝ နီးပါးကို ဘေးကင်း ရာသို့ အလျင်အမြန်ပြောင်းရွှေ့ပေးခဲ့ရကြောင်း Xinhua  သတင်းဌာနကသြဂုတ် ၇ ရက် တွင် ထုတ်ပြန် ထားသည်။သြဂုတ် ၄ ရက်မှစ၍ တိုက်ခတ်သည့် အဆိုပါမုန်တိုင်းသည် နိုင်ငံအတွင်းရှိ မြို့ ခုနစ်မြို့ အပါ အဝင်  အဓိကဆိပ်ကမ်းမြို့ ဖြစ်သော ဒါလီယန်မြို့တို့တွင် ဝင်ရောက် တိုက်ခတ်ကြောင်း ဌငည့ ကေ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ  မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသခံ ၁၈၈ဝဝဝသည် အန္တရာယ်ကင်းသည့်နေရာသို့ ပြောင်း ရွှေ့ခဲ့ရသည့်အပြင် အိမ်ခြေ၁ဝဝဝ ကျော်မှာပျက်စီးသွားပြီး ဟက်တာ၆၆၄ဝဝ အကျယ် အဝန်းရှိ စိုက်ပျိုးမြေများ မှာ လုံး ဝ ပျက်စီးသွားကြောင်း ၎င်းသတင်းဌာန၏ ဖော်ပြချက် အ ရ သိရသည်။

နိုင်ငံတစ်ဝန်းတွင် မိုးသက်မုန်တိုင်းများ တိုက်ခတ်လျက်ရှိပြီး   အရှေ့ဘက်နှင့်တောင် ဘက် ကမ်းရိုး တန်းမှ အဆက်မပြတ် ဝင်ရောက် တိုက်ခတ်လာသည့် တိုင်ဖွန်း မုန်တိုင်းနှင့် အတူ  တရုတ် နိုင် ငံ၏မုန်တိုင်း ရာ သီသည်   နွေရာသီတွင်ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။                 

Read 400 times Last modified on Tuesday, 08 August 2017 09:50