SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် ရုရှားတို့ အနေဖြင့် တင်းမာမှုများလျှော့ချနိုင်မည့်နည်းလမ်း တွေ့ရှိမည် ဟု ယုံကြည် ကြောင်း တေလာဆန်ဆို

Tuesday, 08 August 2017 10:22 font size decrease font size decrease font size increase font size increase font size

မနီလာ    သြဂုတ်   

အမေရိကန်အစိုးရနှင့် ရုရှားအစိုးရတို့အနေဖြင့် တင်းမာမှုများကိုလျှော့ချနိုင်မည့်နည်းလမ်းကို  ရှာဖွေ တွေ့ရှိမည်ဟုယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရက်တေလာဆန်က

သြ ဂုတ် ၇ ရက်တွင်ပြောသည်။ အမေရိကန်နှင့် ရုရှားနိုင်ငံတို့ အနေဖြင့် ၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှား ကကြား ဝင်စွက်ဖက်သည်ဟူသောသံသယတစ်ခုတည်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး မှုကို ဖြတ်တောက် မည်မဟုတ်ကြောင်းတေလာဆန်ကဆိုသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင်  ရုရှားလိုလားသောအတိုက်အခံအဖွဲ့နှင့် ယူကရိန်း အစိုးရတပ် ဖွဲ့ဝင်များ အကြား ၂ဝ၁၅ ခုနှစ်တွင်ချုပ်ဆိုသောအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အကြိမ်ကြိမ် ချိုးဖောက်ခြင်းနှင့် ပတ်သက်၍ ရုရှားအစိုးရ အနေဖြင့် ဆွေးနွေးမှုများကို ပြန်လည် စတင် န်ဆန္ဒရှိနေကြောင်းတေလာဆန်ကပြောသည်။

ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အကြား ကွာဟနေသည့် သဘောထားများနှင့် ပတ်သက်၍ အဆင် ပြေနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိကာ နှစ်နိုင်ငံ လက်တွဲဆောင်ရွက်နိုင် မည်ဟု ယုံကြည်ကြောင်း   တေ လာဆန်က သတင်းထောက် များအားပြောသည်။

တေလာဆန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလက်ရော့တို့သည် သြဂုတ် ၆ ရက်တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲတွင် ဘေးပန်း ဆွေး နွေးမှုပြုလုပ်ပြီး ရုရှားနိုင်ငံအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်ချမှတ် ခြင်းနှင့် ပ်လျဉ်း၍ ရုရှားအစိုးရ၏လက်တုံ့ပြန်မည့်အကြောင်းအရာကို  တေလာဆန်ကမေးမြန်းခဲ့သည်။

တေလာဆန်နှင့်လက်ရော့တို့သည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ဥပဒေကြမ်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး အဆို ပါ အရေးယူပိတ်ဆို့မှု အသစ်ကြောင့် ရုရှားအစိုးရဘက်မှကုန်သွယ်ရေးစစ်ပွဲဆင်နွှဲပြီး ဆက်ဆံ ရေး ကောင်းမွန်ရန် အတွက်မျှော်လင့်ချက်များကို အဆုံးသတ်မည်ဟုပြောသည်။ နှစ်နိုင်ငံ အကြား သဘောထားတင်းမာမှုများရှိသော်လည်း အမေရိ ကန်အစိုးရအဖွဲ့အနေဖြင့် ရုရှားနှင့် ဆွေးနွေးမှုများပြုလုပ်ရန်အသင့်ရှိနေသည်ဟု ¤င်းအနေဖြင့်ယုံကြည်ကြောင်း တေ လာ ဆန်ကပြောသည်။

အမေရိကန်အစိုးရက ယူကရိန်းအရေးကိစ္စအားဖြေရှင်းရန်အတွက် ဇူလိုင်လတွင် ယူက ရိန်းနိုင် ငံသို့  NATO တပ်ဖွဲ့မှ သံတမန်ဟောင်းတစ်ဦးဖြစ်သည့် ကာ့ဗော်ကာကို အထူးကိုယ်စားလှယ် အဖြစ်စေလွှတ်ခြင်းသည် ရုရှားနှင့် အမေရိကန် အကြား ဆက်ဆံရေး တင်းမာမှုကို လျော့ကျ စေရန်တွက် ရည်ရွယ်ကြောင်း တေလာဆန်၏ ပြောဆိုချက် အရ သိရသည်။

Read 409 times Last modified on Tuesday, 08 August 2017 10:26