SJ WorldNews - шаблон joomla Авто

ဆမ်ဆောင်း ကုမ္ပဏီမှ ဒုတိယ ဥကဋ္ဌလီကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်ရန် အစိုးရရှေ့နေ များတောင်း ဆို

Tuesday, 08 August 2017 10:29 font size decrease font size decrease font size increase font size increase font size

ဆိုး    သြဂုတ်  

တောင်ကိုရီးယား သမ္မတဟောင်း ပါ့ဂွမ်ဟေးပါဝင်ပတ်သက်နေသော နိုင်ငံရေး အကျင့်ပျက် ခြစားမှုတွင် လာဘ်ပေးမှု အပါအဝင် အခြားစွပ်စွဲချက်များဖြင့်   စွပ်စွဲခံထားရသော ဆမ်ဆောင်း ကုမ္ပဏီ မှဒုတိယဥက္ကဋ္ဌ 

လီဂျဲယောင်ကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်ရန် အစိုးရရှေ့နေများက သြဂုတ် ၇ ရက်တွင်တောင်းဆိုလိုက်ကြောင်းသိရသည်။ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီမှဒုတိယဥက္ကဋ္ဌလီသည် ပါ့၏မိတ်ဆွေ ချွဲဆွန်ဆေကို ဝမ် ၄၃ ဒသ မ ၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၈ သန်း)ထောက်ပံ့ခဲ့ကြောင်း ဘက်မလိုက် ရှေ့နေအဖွဲ့က   ဖေဖော်ဝါရီလတွင် စွပ်စွဲခဲ့သည်။

ယင်းသို့လာဘ်ပေးမှုမှ အပြန်အလှန် အနေဖြင့် လီသည် ၎င်း၏ အဘိုးတည်ထောင်ခဲ့သော တောင်ကိုရီး ယား၏ အကြီးဆုံး စီးပွားရေး ကော်ပိုရေးရှင်း အပေါ် ခိုင်မာစွာထိန်းချုပ် ရေးအဓိ ကခြေလှမ်းတစ်ရပ်အတွက် ၂ဝ၁၅ ခုနှစ်တွင် ဆမ်ဆောင်းလုပ်ငန်းစုနှစ်ခုပေါင်း စည်းရန် အတွက် အစိုးရ၏ထောက်ခံမှုကိုရရှိခဲ့ကြောင်း တရားလိုဘက်၏ ထုတ်ပြန်ချက်အရသိရသည်။

အသက် ၄၉ နှစ်ရှိ လီသည် အလွဲသုံးစားလုပ်မှု၊ ပြည်ပနိုင်ငံများရှိ ပိုင်ဆိုင်မှုပစ္စည်းများ ကိုဖုံး ကွယ်မှု၊ ရာဇဝတ်မှုဆိုင်ရာကိစ္စများကိုဖုံးကွယ်မှုနှင့် မုသားသက်သေခံမှုတို့ဖြင့်လည်း တရား စွဲဆို ခံထားရသည်။နိုင်ငံရေးနှင့်  စီး ပွားရေး အကြား အတုံ့အလှည့်ကူညီ၍ပူးပေါင်းမှုမှအစပြုသော အကျင့်ပျက်ခြ စားမှု သည် အမှားတစ်ခုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အပေးအယူလုပ်ခြင်းဖြစ်ကြောင်း  စုံစမ်း စစ်ဆေး ရေးအဖွဲ့မှ အကြီးအကဲ အထူးစုံ စမ်းစစ်ဆေးရေး ရှေ့နေ ပါ့ယောင် ဆူးကပြောသည်။ 

Read 437 times Last modified on Tuesday, 08 August 2017 10:31