SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂမှဗြိတိန်ခွဲထွက်မှု မူကြမ်းအရ ဗြိတိန်က ယူရို ဘီလီယံ ၄ဝ ကျော် အထိပေးချေရန် အသင့် ရှိသည်ဟူသော သတင်း မှန်ကန်မှု မရှိဟု ဝန်ကြီးချုပ်ရုံးဆို

Tuesday, 08 August 2017 10:41 font size decrease font size decrease font size increase font size increase font size

မော်စကို   သြဂုတ်  

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုမူကြမ်းအရ ဗြိတိန်က ယူရို ဘီလီယံ ၄ဝ အထိ ပေးချေရန် အသင့်ရှိသည် ဟူသော သတင်းထုတ် ပြန်ချက်များမှာ မှန်ကန်မှုမရှိဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ရုံးက သြဂုတ် ၇ရက်တွင်ပြောထားကြောင်း သိရသည်။ ဗြိတိန်အစိုးရသည် Brexit  ဖြစ်စဉ်အတွက်

ဥရောပ သမဂ္ဂအား ယူရို ဘီလီယံ ၄ဝ အထိ ပေးချေရန် အသင့်ရှိ ကြောင်း  အစိုးရ အဖွဲ့အတွင်းရှိ သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Brexit သတင်းစာက သြဂုတ် ၅ ရက်တွင်ဖော်ပြသည်။သို့သော် အဆိုပါသတင်းမှာ လုံးဝ မဟုတ် ကြောင်း ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးမှ သတင်း အရင်း အမြစ် တစ်ခု၏ ပြောဆို ချက်ကိုကိုးကား၍ Telegraph  သတင်းဌာနကသြဂုတ် ၇ ရက် တွင်ပြောသည်။ ၎င်း ငွေကြေး မှာ ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အဖြစ်မှနုတ် ထွက်ရန် မဲပေးခဲ့ကြသည့် ဗြိတိန်နိုင်ငံ သားများ အတွက် လက်သင့်ခံစရာမရှိသည့်ပမာဏဖြစ်သည်ဟု ၎င်း သတင်း အရင်းအမြစ်က ဆက်လက်ပြောသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုမူကြမ်း အရ ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအားဒေါ်လာ ၆၄ ဘီလီယံသာ တောင်းဆိုထားရာမှ ပြီးခဲ့သည့်မေလတွင် ဥရောပသမဂ္ဂသည် ဗြိတိန်နိုင် ငံမှပေးရမည့်ငွေပမာဏကို ဒေါ်လာဘီလီယံ ၁ဝဝ ကျော်အထိ တိုးမြှင့်တောင်း ဆိုလာကြောင်း Financial Times သတင်းစာ က ဖော်ပြသည်။

ထို့နောက်   ဥရောပသမဂ္ဂအနေဖြင့်ဒေါ်လာဘီလီယံ ၁ဝဝ ကျော်အထိ တိုးမြှင့်တောင်းဆိုပါက ဗြိတိန် အစိုးရသည် Brexit အစည်းအဝေးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ Brexit  ဝန်ကြီး ဒေးဗစ်ဒါဗစ်က ပြောသည်။သို့သော် ဥရောပသမဂ္ဂသည် ၎င်းတို့၏နောက်ဆုံးတောင်းဆိုသည့် ငွေပမာဏ ကို အတိအကျ အတည်ပြု ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

Read 424 times