SJ WorldNews - шаблон joomla Авто

ထောက်ပံ့ငွေရရှိရန် မီးရှို့မှုများ လုပ်ဆောင်သောစေတနာ့ဝန်ထမ်း မီးသတ် သမားကို အီတလီရဲ တပ်ဖွဲ့ဖမ်းဆီး

Tuesday, 08 August 2017 10:42 font size decrease font size decrease font size increase font size increase font size

ရောမ     သြဂုတ်  

ထောက်ပံ့ငွေရရှိရန် အတွက် မီးရှို့မှုများ လုပ်ဆောင်ပြီး   အရေးပေါ် အကူအညီ တောင်းဆိုမှု သတင်း အမှားများပြုလုပ်သော စစ္စလီဒေသခံစေတနာ့ ဝန်ထမ်း မီးသတ်သမားတစ်ဦးကို

အီတလီရဲ တပ်ဖွဲ့ က သြဂုတ် ၇ ရက်တွင် ဖမ်းဆီးလိုက်ကြောင်းသိရသည်။အီတလီနိုင်ငံ တစ်ဝန်း၌ အပူချိန်မြင့်တက်မှုနှင့် မိုးခေါင်မှုတို့ဖြစ်ပွားလျက်ရှိပြီး ဒေသအချို့ တွင် တောမီး လောင်မှုများ ကို မီးရှို့သမားများကလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် စစ္စလီရဲတပ်ဖွဲ့သည်တကယ်မဖြစ်ပွားသော မီးလောင်မှုများကိုထုတ်ပြန်မှုတွင် ပူးပေါင်း ပါဝင်သည်ဟု သံသယရှိသော နိုင်ငံအရှေ့တောင်ပိုင်း ရာဂူဆာမြို့အနီးမှ လူ ၁၅ ဦးကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။၎င်းတို့သည်  အဆိုပါအရေးပေါ်အခြေ အနေများကို   သတင်းပို့ပါက  ၁ဝ ယူရို(၉ ဒသမ ဝ၄ စတာ လင်ပေါင်)ရရှိမည်ဖြစ်သည်။                    

Read 416 times Last modified on Tuesday, 08 August 2017 10:48