SJ WorldNews - шаблон joomla Авто

ပျက်ကျသောအမေရိကန် စစ်လေယာဉ်ကို သြစတြေးလျရေတပ် သင်္ဘော တွေ့ရှိ

Tuesday, 08 August 2017 10:52 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ    သြဂုတ်  

သြစတြေးလျနိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်၌ သြဂုတ် ၅ ရက်တွင်ပျက်ကျသော အမေရိကန် စစ်လေယာဉ်ကို သြစတြေးလျရေတပ်မှ  လေ့လာဆန်းစစ်ရေး သင်္ဘော တစ်စင်း ကရှာဖွေ

တွေ့ရှိကြောင်း ကာကွယ်ရေးဝန်ကြီး မာရိုက်ပေနီက သြဂုတ် ၇ ရက်တွင်ပြောသည်။သြစတြေးလျရေတပ်မှ ရေငုပ်သမားများသည် ဝေးလံသောရေအောက်ယာဉ်ရှာဖွေ မှုစစ်ဆင် ရေး ကိုမ လုပ်ဆောင်မီ ရေအောက်သို့ဆင်းရန် စဉ်းစားသုံးသပ်မည်ဖြစ်ကြောင်း ပေနီက  ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။

သြစတြေးလျတော်ဝင်ရေတပ်မှ မဲဗေးသင်္ဘောသည် ရှိုးဝါးတား ပင်လယ်အော်သို့ ညတွင်းချင်း ရောက်ရှိလာပြီးယင်းနယ်မြေအတွင်း လေ့လာမှုများစတင်လုပ်ဆောင်ခဲ့ရာ နစ်မြုပ်နေသော လေ ယာဉ်ကို  တွေ့ရှိခြင်း ဖြစ်ကြောင်း    ပေနီကဆက်လက်ပြောသည်။အမေရိကန်မရိန်းတပ်ဖွဲ့သည် အဆိုပါ MV-22 Osprey လေယာဉ်ပျက်ကျပြီးနောက် ပျောက် ဆုံးနေသော မရိန်းတပ် ဖွဲ့ဝင် သုံး ဦးအား  ရှာဖွေမှုဆိုင်းငံ့ထားကြောင်းနှင့်ယင်းမတော် တဆမှုနှင့်ပတ်သက်၍  စုံစမ်းစစ်ဆေးမှုများကိုလည်း လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ယင်းလေယာဉ်သည် USS Bonhomme Richard(LHD 6၆)ကုန်းရေနှစ် သွယ်သွား သင်္ဘောမှ ပျံတက်ပြီးနောက် ပုံမှန်စစ်ဆင် ရေးများလုပ်ဆောင်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်မှ အမှု ထမ်း ၂၃ ဦးကို ကယ်ဆယ်နိုင် ခဲ့ ကြောင်း မရိန်းတပ်ဖွဲ့၏ထုတ်ပြန် ချက်အရ သိရသည်။

Read 384 times Last modified on Tuesday, 08 August 2017 10:54