SJ WorldNews - шаблон joomla Авто

စစ်အတွင်း ကျွန်သဖွယ် ခိုင်းစေခံရသည့် တောင်ကိုရီးယား လုပ်သားများအား နစ်နာကြေးပေးရန် တောင်ကိုရီးယား တရားရုံးက မစ်ဆူဘစ်ရှီ ကုမ္ပဏီကို အမိန့်ချမှတ်

Wednesday, 09 August 2017 08:13 font size decrease font size decrease font size increase font size increase font size

ဆိုး သြဂုတ် ၈

စစ်အတွင်း ကျွန်သဖွယ် စေခိုင်းခံရသည့် တောင်ကိုရီးယား အလုပ်သမား များအား ဂျပန်နိုင်ငံ၏ မစ်ဆူဘစ်ရှီ စက်မှုလုပ်ငန်း အနေဖြင့် နစ်နာကြေး ပေးရမည်ဖြစ်ကြောင်း တောင်ကိုရီးယား တရားရုံးက သြဂုတ် ၈ ရက်တွင် အမိန့်ချမှတ်လိုက်သည်။

မစ်ဆူဘစ်ရှီ စက်မှုလုပ်ငန်း အနေဖြင့် အသက် ၈၅ နှစ်ရှိ တောင်ကိုရီးယား အလုပ်သမား ကင်ယောင်အွတ်အား နစ်နာကြေး အမေရိကန်ဒေါ်လာ ၁ဝ၆၇ဝဝ ပေးလျော်ရမည်ဖြစ်ပြီး ချိုဂျောင်ရေး အမည်ရှိ တောင်ကိုရီးယား လူမျိုးအား ကိုရီးယားငွေကြေး ဝမ်၃ ဒသမ ၂၅ သန်း ပေးလျော်ရမည် ဖြစ်ကြောင်း ဂွမ်ဂျူမြို့တော် တောင်ပိုင်းရှိ ခရိုင်တရားရုံးက အမိန့်ချမှတ်သည်။ မစ်ဆူဘစ်ရှီ ကုမ္ပဏီသည် ယင်းကိစ္စနှင့် ပတ်သက်၍ အယူခံဝင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ အဆိုပါ ကိစ္စမှာ လေးနှစ်အတွင်း ဒုတိယအကြိမ် အမိန့်ချမှတ်ခြင်း ဖြစ်သည်။

ကိုရီးယား ကျွန်းဆွယ်သည် ၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်လက်အောက်သို့ ကျရောက်ပြီး ထိုခေတ်က ကိုရီးယား လူမျိုးများသည် စာသင်ကျောင်းများ၌ ကိုရီးယား ဘာသာစကား ပြောဆိုခွင့်မရဘဲ ဂျပန်ဘာသာ စကားသာ ပြောဆိုရသည့်အပြင် ဂျပန် အမည်များ အတင်းအကျပ် ပြောင်းလဲခံရကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားပြည်သူ ထောင်ပေါင်းများစွာသည် ရှေ့တန်း စစ်မျက်နှာပြင်၌ တာဝန် ထမ်းဆောင်ရခြင်း၊ ကျွန်သဖွယ်စေခိုင်း ခံရခြင်းနှင့် အမျိုးသမီးများအား လိင်ကျွန်အဖြစ် အတင်းအကျပ် စေခိုင်းခံရခြင်း တို့ကို တွေ့ကြုံခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက မလှပခဲ့သော သမိုင်းကြောင်းများကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား ယနေ့ထက်တိုင် သဘောထား တင်းမာမှု အချို့ရှိနေသည့် အပြင် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ်ကို ကြုံတွေ့နေရသည့် တိုင်အောင် ဆက်ဆံရေး ပြေလည်ခြင်း မရှိပေ။

Read 420 times Last modified on Wednesday, 09 August 2017 08:13