SJ WorldNews - шаблон joomla Авто

ဟွန်ရှူးကျွန်းသို့ နိုရူတိုင်ဖွန်း မုန်တိုင်းဝင်ရောက်၊ အနည်းဆုံး နှစ်ဦးသေဆုံး ၄၇ ဦးဒဏ်ရာရ

Wednesday, 09 August 2017 08:13 font size decrease font size decrease font size increase font size increase font size

တိုကျို သြဂုတ် ၈

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းသို့ သြဂုတ် ၈ ရက်တွင် နိုရူတိုင်ဖွန်း မုန်တိုင်းဝင်ရောက် တိုက်ခတ်ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ထုတ်ပြန်သည်။

နိုရူမုန်တိုင်းသည် သြဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဝါကာယာမာ စီရင်စုသို့ ဝင်ရောက် တိုက်ခတ်ပြီးနောက် သြဂုတ် ၈ ရက် နံနက် ၇ နာရီ မိနစ် ၅ဝ တွင် နီအီဂါတာ စီရင်စုသို့ ဝင်ရောက်ခြင်းဖြစ်ကာ လေတိုက်နှုန်း တစ်နာရီ ၂၅ ကီလိုမီတာဖြင့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းသို့ ဆက်လက် ထွက်ခွာသွားကြောင်း NHK သတင်းဌာနက ထုတ်ပြန်သည်။ မုန် တိုင်းကြောင့် ရှီဂါစီရင်စု မာအီဘာရာမြို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်းဝင်ရောက်သည့် ဒေသများတွင် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင် သောကြောင့် အာဏာပိုင်များက စီရင်စုရှစ်ခုမှ ဒေသခံ ၁ဝ၆ဝဝဝ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးလျက် ရှိသည်။ မုန်တိုင်းဝင်ရောက် လာခြင်းကြောင့် ဇူလိုင် ၇ ရက်တွင် ပြည်တွင်း လေကြောင်းခရီးစဉ် ၄၅ဝ ခန့်ကို ဖျက်သိမ်းလိုက်ရပြီး သြဂုတ် ၈ ရက် နံနက် ပိုင်းတွင် လေကြောင်းခရီးစဉ် ၂၆ ခုကို ထပ်မံဖျက်သိမ်း လိုက်ရသည်။ ဖျက်သိမ်းလိုက်ရသည့် လေကြောင်း ခရီးစဉ်များတွင် တိုကျိုမြို့ရှိ ဟာနေးဒါ လေဆိပ်အပါအဝင် နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများသို့ ပျံသန်းမည့် ခရီးစဉ်များ ပါဝင်ကြောင်း သိရသည်။

Read 395 times Last modified on Wednesday, 09 August 2017 08:18