SJ WorldNews - шаблон joomla Авто

တရုတ်၌ မြေပြိုမှုဖြစ်ပွား၊ ၂၄ ဦးသေဆုံး

Wednesday, 09 August 2017 09:40 font size decrease font size decrease font size increase font size increase font size

ပေကျင်း    သြဂုတ်   

တရုတ်နိုင်ငံတစ်ဝန်းရှိ ဒေသအများစု၌ မိုးသည်းထန်စွာ ရွာသွန်း မှုများဖြစ်ပွားနေစဉ် နိုင်ငံ အနောက် တောင်ပိုင်း ဒေသ၌

မြေပြိုမှုဖြစ်ပွားရာ လူ ၂၄ ဦးသေဆုံးကြောင်း ပြည် နယ်အုပ် ချုပ်ရေးမှူးက သြဂုတ် ၈ ရက်တွင်ပြောသည်။တောင်ထူထပ်သော စီချွမ်ပြည်နယ် လီယန်ရှန်းဒေသ၌ မြေပြိုမှုကြောင့် လူနှစ်ဦးပျောက် ဆုံးပြီး အခြား တစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က အစီရင် ခံစာတွင်ပြောသည်။

အဆိုပါဒေသ၌ မြေပြိုမှုကြောင့် လူနေအိမ် ၇၁ လုံးပျက်စီးသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။စီချွမ်ပြည်နယ်ရှိ အခြားသောဒေသ၌ ဇွန်လတွင် မြေပြိုမှုတစ်ခုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးပြီး ၇ဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ မုန်တိုင်းရာသီသည် နွေရာသီတွင်ဖြစ်ပေါ်ပြီး အရှေ့နှင့်တောင်ဘက်ကမ်းရိုး တန်းများမှ တိုင်ဖွန်း မုန်တိုင်းများ ဝင်ရောက်လေ့ ရှိကာ နိုင်ငံတစ်ဝန်းတွင်   မိုးသက်မုန်တိုင်းများတိုက်ခတ်လေ့ရှိ

ကြောင်း သိရသည်။       

Read 404 times Last modified on Wednesday, 09 August 2017 09:42