SJ WorldNews - шаблон joomla Авто

သြစတြေးလျတွင် လွတ်ငြိမ်းခွင့်ပေးသည့်တစ်လအတွင်း သေနတ် ၆ဝဝဝ ကျော်လာအပ်

Wednesday, 09 August 2017 09:45 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ     သြဂုတ်    

သြစတြေးလျနိုင်ငံ၏ လူဦးရေ အများဆုံး ပြည်နယ်ဖြစ်သည့် နယူးဆောက်ဝေးပြည်နယ်၌

အစိုး ရက လွတ်ငြိမ်းခွင့်ပေးသည့်တစ်လ အတွင်း သေနတ်အလက်ပေါင်း ၆ဝဝဝ ကျော် လာရောက် အပ်နှံကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၈ ရက်တွင်ပြောသည်။နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက် မှုများ နှင့်ဒုစရိုက်လောကအတွင်း ပစ်ခတ်မှုများဖြစ်ပွားခြင်း တို့ကြောင့် တရားမဝင် လက်နက် စုစု ပေါင်း၂၆ဝဝဝဝ ကျော်ရှိမည်ဟု ယုံကြည် ကြောင်းနှင့်ယင်းလက်နက် များကြောင့်ဖြစ်ပေါ် လာနိုင်သည့်အန္တရာယ်ကို လျှော့ချ သွားလို ကြောင်း အစိုးရက ဇွန်လတွင်ပြောသည်။

ထို့နောက် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အတွင်း တရားဝင် မှတ်ပုံတင်ထား ခြင်း မရှိသောလက်နက်များ သို့မဟုတ် မလိုလားအပ်သော လက်နက်များကို မည်သည့် စုံစမ်းမေးမြန်း မှုမျှမလုပ်ဘဲ ရဲတပ်ဖွဲ့ထံလာ ရောက်အပ်နှံခွင့်ပြုကြောင်းနှင့် သတ်မှတ် ကာလကျော်လွန်ပါက တရားမဝင် လက်နက် ကိုင်ဆောင်သူအနေဖြင့် သြစတြေးလျဒေါ်လာ၂၈ဝဝဝဝ သို့မဟုတ် ထောင် ဒဏ် ၁၄ နှစ်ကျခံရမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာ လိုက် သည်။

နယူးဆောက်ဝေးပြည်နယ်၌ လာရောက် အပ်နှံသည့်သေနတ်များအနက် SKS ချေမှုန်း ရေးရိုင် ဖယ်လေးလက်၊ကိုးမီလီမီတာလက် လုပ်စက်သေနတ်ကလေးတစ်လက်၊ Colt AR-15 ရိုင်ဖယ် တစ် လက်၊ M1  ကာဘိုင် တစ်လက်နှင့် ဒသမ ၄၄ ဆုံလည်သေနတ် တစ်လက် တို့ ပါဝင်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။

သေနတ်စုစုပေါင်းအနေဖြင့် ရိုင်ဖယ်အလက် ၁၇ဝဝ၊ ပြောင်းချောသေနတ်အလက် ၄၆ဝ နှင့် ပြောင်းတို သေနတ်အလက် ၂ဝဝ နီးပါး ပါဝင်ကြောင်းနှင့် အခြားသောသေနတ် များမှာ မှတ်ပုံ တင် ရန် အတွက် လာအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် ကန့်သတ်ထားသော လက်နက်များ စုစုပေါင်း ၁၁ဝ ကိုလည်း လက် ခံရရှိပြီး ၎င်းတို့တွင် ဆာမူရိုင်းဓားရှည်များ၊ ဓားမြှောင်များနှင့် အခြားချွန်ထက်သည့် လက်နက် များဖြစ် ကြောင်း  စုံစမ်းစစ်ဆေးရေးအရာရှိချုပ်  ဝေးဟော့ဖမန်းက ပြောသည်။

Read 425 times Last modified on Wednesday, 09 August 2017 09:48