SJ WorldNews - шаблон joomla Авто

ပုစဉ်း တစ်ကောင်ပျံသန်းနေသည့်အလားထင် မှတ်ရသည့် လူကူးတံတား

Wednesday, 09 August 2017 09:48 font size decrease font size decrease font size increase font size increase font size

စက်ရုပ်ပုစဉ်းတစ်ကောင်ပျံသန်းနေသည့် အလားထင်မှတ်ရသည့် မယုံကြည်နိုင်လောက်သောလူ ကူးတံတားပုံစံသည်

တစ်နေ့တွင် အတွင်းမွန်ဂိုလီးယား ဒေသရှိ လမ်းသွား လမ်းလာများ အသုံးပြုနိုင်မည်ဖြစ်သည်။အဆိုပါအနာဂတ်စိတ်ကူးပုံစံကို လန်ဒန် မြို့အခြေစိုက် ဗိသုကာပညာရှင် မားဂေါ့ ကရာဆို ဟီဗစ် က ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး လက်ရှိစမ်းသပ်ဆဲအဆင့်သာရှိသေးသော်လည်း ၎င်း၏ နောက်ဆုံးပေါ်ဒီဇိုင်းများကြောင့် လူသိများထင်ရှားလာသူဖြစ်သည်။

¤င်းဖန်တီးမှု၏ နောက်ဆုံးရည်မှန်းချက်မှာ သယ်ယူပို့ဆောင်ရေးအတွက် ခေါက်သိမ်း နိုင်ခြင်းဖြစ် သည့်အပြင် ပတ်ဝန်းကျင်အခြေ အနေများနှင့် လိုက်လျောညီထွေရှိအောင် လုပ်ဆောင်နိုင် ရမည်ဖြစ်သည်။

ထို့ပြင် မြစ်အတွင်း  အထက်အောက်စုန်ဆန်သွားလာနိုင်ရမည်ဖြစ်သည့်အပြင် ထိုသို့သွားလာနိုင်ရန်အတွက် အဆိုပါလူကူးတံတားကို မောင်းနှင်နိုင်ရမည်ဖြစ်သည်။အဆိုပါစီမံကိန်းကို ကန်ဘာ ရှီ ခရိုင်ရှိဝူ လန်မူလွန်မြစ်အတွက် တံတားအသစ်တည် ဆောက် ရန်ကြိုး ပမ်းနေသော အော်ဒေါ့မြို့ တော်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

၉ဝ ဒီဂရီအထိလှည့်နိုင်ပြီး ရပ်နေချိန်တွင် ရေပေါ်ပေါလောပေါ်နေသည့်   FLIP လှေ ပုံစံများကို အတု ယူကာ  အဆိုပါဒီဇိုင်းကိုတီထွင်ရေးဆွဲခြင်းဖြစ်သည်ဟု  ဒေါက်တာ ကရာ ဆိုဟီ ဗစ်က ပြောသည်။

မြစ်အတွင်း လှည့်ပတ်သွားလာနိုင်သော အဆိုပါတံတားသည် တံတားတစ်စင်း၏ပုံစံကို ဆန်းသစ်ရန်နှင့် ပေါင်းစပ်ရွေ့လျားမှုအပြင် ရွက်လှေတစ်စင်းကဲ့သို့ ပြောင်းလွယ်ပြင်လွယ် ရှိရန် အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကရာဆိုဟီဗစ်ကဆိုသည်။

ထို့ပြင် မြို့ပြအဆောက်အအုံပြောင်းလဲ ခြင်းနှင့်အတူ လိုက်ဖက်စေရန်အတွက် ဒီဇိုင်း ရေးဆွဲ ရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ ယင်းတံတားတွင် စားသောက်ဆိုင်၊ ဆိပ်ကမ်းနံဘေးရှိ ကော်ဖီ ဆိုင်အပြင်  ရုပ်ရှင်ရုံကိုပါထည့်သွင်း နိုင်စေမည်ဖြစ်ကြောင်း၊ ပုံသေတည်ရှိမည့် ဗိသုကာ လက်ရာထက်စာလျှင် မြို့နေပြည်သူ များ၏လိုအပ်ချက်နှင့်အညီ လိုက်လျောညီ ထွေပြောင်း လဲပေးနိုင် မည့် တံတားတစ်စင်း ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

Read 479 times Last modified on Wednesday, 09 August 2017 09:51