SJ WorldNews - шаблон joomla Авто

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်၌ တိုက်ခိုက်မှုဖြစ်ပွား ၁၃ ဦးသေဆုံး

Thursday, 12 October 2017 13:54 font size decrease font size decrease font size increase font size increase font size

မက္ကဆီကိုစီးတီး အောက်တိုဘာ ၁၁

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း နျူဗိုလီရွန် ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခု၌ လူဆိုးဂိုဏ်း အဖွဲ့ဝင်များ အကြား တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးကြောင်း အောက်တိုဘာ ၁ဝ ရက်တွင် ပြည်နယ် လုံခြုံရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အယ်ဒိုဖက်ဆီက ပြောသည်။

ကာတီရေဒါအကျဉ်းထောင်၌ အောက်တိုဘာ  ၁ဝ ရက် အစောပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက်  ကန့်ကွက်သည့်  အကြောင်းအရာနှင့် ပတ်သက်၍ တိုက်ခိုက်မှုဖြစ်ပွား ခြင်းဖြစ်သည်။ယင်းအကျဉ်းထောင်၌ တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အကျဉ်းသားအချို့သေဆုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုများ  ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းစာတစ်စောင်တွင် ပြောသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှု အတွင်း ရှစ်ဦးမှာ အပြင်းအထန်ဒဏ်ရာ ရရှိပြီး သေဆုံးသူဦးရေ မှာလည်းမြင့်တက် လာနိုင် ကြောင်း သိရသည်။

သို့သော် ရဲတပ်ဖွဲ့အနေဖြင့် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အပြည့်အဝဖော်ပြနိုင်ခြင်း မရှိကြောင်း ဖက်ဆီက ပြောသည်။                  

Read 10 times Last modified on Thursday, 12 October 2017 13:55