SJ WorldNews - шаблон joomla Авто

အီရန်သည် နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရရှိရန် ၂ဝ၁၆ ခုနှစ်အတွင်း ၃၂ ကြိမ်တိုင် ကြိုးပမ်းဟု ဂျာမန် ထောက်လှမ်း ရေးပြော

Thursday, 12 October 2017 13:57 font size decrease font size decrease font size increase font size increase font size

ဘာလင်   အောက်တိုဘာ   ၁၁

အီရန်အစိုးရသည် ၂ဝ၁၅ ခုနှစ်အီရန် နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်သည့် အနေဖြင့် နျူကလီး ယားနှင့် ဒုံးကျည်နည်း ပညာများတရားမဝင် ရရှိရန် ၂ဝ၁၆ခုနှစ် အတွင်း ၃၂ကြိမ် တိုင်အောင်ကြိုးပမ်းသည်ဟု  ဂျာမန် ထောက်လှမ်းရေး ဌာနများက စွပ်စွဲထားသည်။

ဂျာမန်ဗဟို  ထောက်လှမ်းရေးဌာန၏ လက်အောက်ခံရုံးခွဲ သုံးခုက အဆိုပါ စွပ်စွဲချက်များကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အီရန်အနေဖြင့် ယင်းသို့ကြိုးပမ်းမှုများ အောင်မြင်ခြင်းရှိ၊ မရှိ ကိုမူ ၎င်းတို့က ဖော်ပြထားခြင်း မရှိပေ။

အီရန်သည် ကမ္ဘာ့အင်အားကြီးခြောက်နိုင်ငံနှင့် ရရှိထားသော နျူကလီးယား သဘော တူညီချက်ပါ အချက်အလက် များကို ချိုးဖောက် ခြင်းမရှိစေရန် တစ်ဖက်လှည့်ဖြင့် ရှောင်တိမ်းကာ ၎င်း၏ လက်နက်အစီ အစဉ်များအတွက် လိုအပ်သောနည်းပညာကို ရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အဆိုပါ ထောက်လှမ်း ရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ တစ်ဖက်လှည့်ဖြင့် ရှောင်တိမ်းနိုင် ရန်အတွက် အီရန်သည် တရုတ်၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု တို့တွင် ကုမ္ပဏီခွဲများ    ဖွင့်လှစ်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အီရန်သည် နျူကလီးယား သဘောတူညီ ချက်စတင်အသက်ဝင်သည့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမတိုင်မီ ၂ဝ၁၅ ခုနှစ်တွင် ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များ အတွက် နည်းပညာများ ရရှိရန် အကြိမ်ပေါင်း ၁၄၁ ကြိမ်ကြိုးပမ်းခဲ့သည်ဟု ဂျာမန်ထောက် လှမ်းရေးဌာနက ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘော တူညီချက်အရ အီရန်သည် နျူကလီးယား စွမ်းအင် အစီအစဉ် အတွက် သာ ပြည့်ဝမှုနည်းပါးသော ယူရေနီယံများကို ထုတ်လုပ်ရမည်ဖြစ်ပြီး နျူကလီးယား လက်နက် အစီအစဉ်များ အတွက် ပြည့်ဝ ယူရေနီယံများ ထုတ်လုပ်ခွင့်ကို တားမြစ်ထားကြောင်း သိရသည်။

အပြန်အလှန် အားဖြင့် အီရန်နိုင်ငံ အပေါ် ကမ္ဘာ့နိုင်ငံများက ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားပေး ထားကြောင်း သိရသည်။                   

Read 31 times Last modified on Thursday, 12 October 2017 13:58