SJ WorldNews - шаблон joomla Авто

မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ပူးပေါင်း၍ ဆူလူပင်လယ် ဝေဟင်ပိုင်နက်အတွင်း လေကြောင်း ကင်းလှည့်မှုများ ဆောင်ရွက်

Friday, 13 October 2017 09:00 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ အောက်တိုဘာ ၁၂

မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် အောက်တိုဘာ ၁၂ ရက်တွင် ဆူလူပင်လယ်၏ ဝေဟင်ပိုင်နက် အတွင်း လေကြောင်း ကင်းလှည့်မှုများကို ပူးပေါင်း ဆောင်ရွက်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က ပြောသည်။

အကြမ်းဖက် အဖွဲ့အစည်းများသည် ဆူလူ ပင်လယ်ပြင် ရေပိုင်နက်ကို အများဆုံး အသုံးပြုလျက် ရှိသဖြင့် သုံးနိုင်ငံ ပူးပေါင်းကင်းလှည့်မှုမှာ အရေးပါသော ဆောင်ရွက်မှု ဖြစ်ကြောင်း ဟီရှာမူဒင်က ဆက်ပြောသည်။ IS စစ်သွေးကြွအဖွဲ့ လက်အောက်ခံ မော့သူပုန် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မာရာဝီမြို့ကို တိုက်ခိုက် သိမ်းပိုက်သဖြင့် ဖိလစ်ပိုင် နိုင်ငံသည် အာဆီယံ ဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုကို ခံစားရလျက် ရှိသည်။ လေကြောင်း ကင်းလှည့်မှု နှောင့်နှေးသဖြင့် မာရာဝီမြို့ကို အကြမ်းဖက်အဖွဲ့က တိုက်ခိုက် သိမ်းပိုက်သွားနိုင်ခြင်း ဖြစ်ပြီး သုံးနိုင်ငံပူးပေါင်း လေကြောင်း ကင်းလှည့်မှုကြောင့် ဒေသတွင်း အစွန်းရောက်များ၏ လှုပ်ရှားမှုများကို လေ့လာ စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲဖင်လိုရန်ဇာနာက ပြောသည်။ အရှေ့အလယ်ပိုင်း ဒေသတွင် IS စစ်သွေးကြွအဖွဲ့ အရေးနိမ့်နေသဖြင့် ၎င်းဖြစ်စဉ်မှ တိုက်ခိုက်ရေး သမားများ ထွက်ပြေး လာနိုင်သည့်အတွက် အာဆီယံ နိုင်ငံများ အနေဖြင့် အထူးသတိထား စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ဟီရှာမူဒင်က ဆိုသည်။ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် လေကြောင်း ကင်းလှည့်မှုကို မလေးရှား တော်ဝင်လေတပ်မှ ရဟတ်ယာဉ်များ ဦးဆောင်၍ သက်ဆိုင်ရာ နိုင်ငံများ၏ ဝေဟင်ပိုင်နက် အတွင်း လစဉ် ကင်းလှည့်မှုများ ဆောင်ရွက်မည်ဟု သိရသည်။

Read 5 times Last modified on Friday, 13 October 2017 09:14