SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် ကျေနပ်စရာ ကောင်းသည့် အပြောင်းအလဲ တစ်ခု ဖြစ်လာမည်ဟု ဒူတာတေပြော

Friday, 13 October 2017 09:17 font size decrease font size decrease font size increase font size increase font size

မနီလာ အောက်တိုဘာ ၁၂

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေက ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် စိတ်ကျေနပ်စရာ ကောင်းလောက်အောင် အပြောင်းအလဲ တစ်ခုဖြစ်လာမည်ဟု အောက်တိုဘာ ၁၂ ရက်တွင် ထုတ်လွှင့်ပြသသော ရုပ်သံမိန့်ခွန်း တစ်ခုတွင်ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ကို ဖယ်ရှားကာ ဖိလစ်ပိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (PDEA) ကို အစားထိုးခဲ့ကြောင်း၊ ထို့နောက်တွင် ပြည်သူထောင်ပေါင်း များစွာ သေဆုံးရသည့် အတွက် ပြည်ပနိုင်ငံများက အကြိမ်ကြိမ် အခါခါ ဝေဖန်ထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ပြန်လည် စတင်ခဲ့ကြောင်း ဒူတာတေက ပြောသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း ရဲတပ်ဖွဲ့၏ လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်မှု များကြောင့် ဖိလစ်ပိုင်အနေဖြင့် ကုန်သွယ်မှု အထူးအခွင့်အရေးကို ဆုံးရှုံးရမည် ဖြစ်ကြောင်း ဥရောပ လွှတ်တော် အဖွဲ့ဝင်များနှင့် အစိုးရ အဖွဲ့အစည်းများက သတိပေး စကားပြောဆိုခြင်းကို ရည်ညွှန်း၍ ဒူတာတေက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ဒူတာတေက ၎င်းအနေဖြင့် ကျန်သည့် အဖွဲ့အစည်းများကို စိတ်ဝင်စားမှု မရှိဘဲ PDEA ကိုသာ ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ၎င်းအေဂျင်စီကလည်း လိုလိုလားလား ဆောင်ရွက်သည်ဟု ယူဆကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို အာရုံမစိုက်ဘဲ လူအရေအတွက် မည်မျှသေဆုံးသည် ဟူသော ကိစ္စရပ်ကိုသာ အာရုံစိုက်နေသည့် ဥရောပ သမဂ္ဂ နိုင်ငံများအား ဖိလစ်ပိုင် အစိုးရ၏ အရည်အချင်းကို ပြသရန် လုံလောက်ကြောင်း ပြောသည်။ ဖိလစ်ပိုင် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှု လုပ်ငန်းစဉ်အတွင်း တစ်ခါတစ်ရံမှ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ မူးယစ်ဆေးဝါး ရောင်းချမှုကို အကြိမ်အရေအတွက် အနည်းငယ် ပြုလုပ်သူများနှင့် ဆင်းရဲသူများ သေဆုံးပြီး သေဆုံးသူ အရေအတွက်မှာ ၃၉ဝဝ ရှိပြီဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုထားသည်။

Read 6 times Last modified on Friday, 13 October 2017 09:28