SJ WorldNews - шаблон joomla Авто

ကင်ညာနယ်စပ်ရှိ စာသင်ကျောင်း၌ စီးနင်း တိုက်ခိုက်မှု ဖြစ်ပွား ၊ ခုနစ်ဦးသေဆုံး

Sunday, 15 October 2017 10:51 font size decrease font size decrease font size increase font size increase font size

နိုင်ရိုဘီ  အောက်တိုဘာ  ၁၄

ကင်ညာနယ်စပ်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်း၌ အောက်တိုဘာ ၁၄ ရက် အစောပိုင်းတွင် အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံမှ လူတစ်စုက စီးနင်းတိုက်ခိုက်ရာ လူ ခုနစ်ဦး သေဆုံးသွားကြောင်း  ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

စီးနင်းတိုက်ခိုက်မှုသည် လိုကီချိုဂီယိုမြို့ရှိ အလယ်တန်းကျောင်း၌ အရုဏ်တက်အချိန်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ကျောင်းသားခြောက်ဦး အပါအဝင် လူခုနစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ ကြောင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိ ဂီဒုန် ကီဘွန်ဂျာကပြောသည်။

စီးနင်းတိုက်ခိုက်မှုတွင် အဓိကပါဝင်သူမှာ မကြာသေးမီက ကျောင်းထုတ်ခံရသည့် သက်ကြီးကျောင်းသား တစ်ဦးဖြစ်ပြီး ၎င်းကိုကျောင်း ထုတ်ခြင်းအပေါ် လက်စားချေသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်သူများမှာ တောင်ဆူဒန်မှ ကျွဲ၊နွားထိန်း ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် နိုင်ရိုဘီမြို့တော် ရှိ   ကျောင်းအိပ်ကျောင်းစား လက်ခံသည့် စာသင်ကျောင်းတစ်ကျောင်း၌ အထက်တန်း ကျောင်းသူတစ်ဦးက မီးလောင်ကျွမ်းမှုအတွင်း အခြားကျောင်းသား၊ ကျောင်းသူကိုးဦးကို သတ်ဖြတ်ပြီး တစ်လအကြာတွင် ဖြစ်ပွားခြင်းဖြစ်သည်။ကင်ညာနယ်စပ်ဒေသတွင် စစ်ပွဲများနှင့် ရင်ဆိုင်ရသည့် အိမ်နီးချင်းနိုင်ငံများမှ လက် နက် အမြောက်အမြား ပျံ့နှံ့လျက် ရှိကြောင်း သိရသည်။

Read 353 times Last modified on Sunday, 15 October 2017 10:52