SJ WorldNews - шаблон joomla Авто

ရုတ်တရက် ဖြစ်ပွားသော သဘာဝ ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူ ၁၄ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ပွား

Sunday, 15 October 2017 10:55 font size decrease font size decrease font size increase font size increase font size

ဂျီနီဗာ  အောက်တိုဘာ  ၁၄

ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူ ၁၄ သန်းနီးပါးမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားလျက်ရှိကြောင်းနှင့် သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ပါက အိုးမဲ့အိမ်မဲ့ အရေအတွက်မှာ ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သက်သာ ချောင်ချိရေး အေဂျင်စီက အောက်တိုဘာ ၁၃ ရက်တွင် သတိပေးထားသည်။

ရုတ်တရက်ဖြစ်ပွားလေ့ရှိသော သဘာဝ ဘေးအန္တရာယ်များမှာ ကြိုတင်သတိပေးနိုင် ခြင်းမရှိသည့်အတွက် တစ်ခါတစ်ရံတွင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားစေတတ်သည်။နိုင်ငံပေါင်း ၂ဝ၄ နိုင်ငံမှ ရရှိသော အချက်အလက်များအရ ရေကြီးမှုများနှင့် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကဲ့သို့ ရုတ်တရက်ဖြစ်ပွားတတ်သည့် သဘာဝဘေး အန္တရာယ်များ ကြောင့် နှစ်စဉ်ပျမ်းမျှလူဦးရေ ၁၃ ဒသမ ၉ သန်းသည် အိုးမဲ့အိမ်မဲ့ဖြစ်ပွားလျက်ရှိ ကြောင်း ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျှော့ချရေးရုံးနှင့် နော်ဝေနိုင်ငံ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး (IDMC) က အောက်တိုဘာ ၁၃ ရက်တွင်ကျရောက်သည့် နိုင်ငံတကာ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချရေး အထိမ်းအမှတ်နေ့တွင် ထုတ် ပြန်သောလေ့လာမှု တစ်ခုအရ သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ရေကြီးမှုအန္တရာယ်မှာ စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်ပြီး  အရှေ့ တောင်အာရှနှင့် တောင်အာရှအတွင်းရှိ ရေကြီးမှုဖြစ်ပွားသည့် နိုင်ငံပေါင်း ၁ဝ နိုင်ငံအနက် ရှစ်နိုင်ငံမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ၎င်းလေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

ရေကြီးမှုဒဏ် အများဆုံးခံရသည့် နိုင်ငံ များမှာ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြစ်ပြီး ရေကြီးမှုကြောင့် အိန္ဒိယတွင် လူဦးရေ ၂ ဒသမ ၃ သန်း၊  တရုတ်တွင် ၁ ဒသမ ၃ သန်း၊ ဘင်္ဂလားဒေ့ရှ်တွင် ၁ ဒသမ ၂ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားကြောင်း သိရသည်။

Read 343 times Last modified on Sunday, 15 October 2017 10:55