SJ WorldNews - шаблон joomla Авто

ထရမ့်၏ တာဝန်မဲ့သော လုပ်ရပ်ကို ဂျွန်ကယ်ရီရှုတ်ချ

Sunday, 15 October 2017 10:59 font size decrease font size decrease font size increase font size increase font size

မော်စကို   အောက်တိုဘာ   ၁၄

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျွန်ကယ်ရီသည် သမ္မတ ထရမ့်၏ တာဝန်မဲ့သော လုပ်ရပ်အတွက် အောက်တိုဘာ ၁၃ ရက်တွင် ပြစ်တင်ရှုတ်ချပြီး အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ပါက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်လာမည်ဟု သတိပေးလိုက်ကြောင်း သိရသည်။

အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်မည် ဆိုသော ထရမ့်၏ ဆုံးဖြတ်ချက်သည် အလွန်အန္တရာယ်များကြောင်း၊ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်စေရန် ဖန်တီးနေသကဲ့သို့ဖြစ်နေကြောင်း ကယ်ရီက အစီရင်ခံစာတစ်စောင်တွင် ပြောထားသည်။ထို့နောက် အီရန်နျူကလီးယား သဘောတူစာချုပ်တွင် ပါဝင်သော အခြားနိုင်ငံများ အနေဖြင့် အဆိုပါစာချုပ် တည်မြဲရေးအတွက် ထိန်းသိမ်းကြရန် ကယ်ရီက တိုက်တွန်းထားသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျွန်ကယ်ရီသည် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ တာဝန်ရှိသူများနှင့်အတူ အဆိုပါနျူကလီးယား သဘောတူစာချုပ်ကို ချုပ်ဆိုရာတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ အမေရိကန်လွှတ်တော် အနေဖြင့် ၎င်းနျူကလီးယား သဘောတူစာချုပ်ကိစ္စနှင့် ပတ်သက်၍ ရင့်ကျက်စွာဖြေရှင်းသင့်ကြောင်းနှင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို အဓိကထားဆောင်ရွက်ရမည် ဖြစ်ကြောင်း ကယ်ရီကဆိုသည်။ ထို့ပြင် အီရန်နျူကလီးယား သဘောတူစာချုပ်နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းလုံးက သေချာစွာ စောင့်ကြည့်လျက်ရှိသည်ဟု ၎င်းက အလေးပေး ပြောဆိုသည်။

အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ ရက်ပေါင်း ၆ဝ အကြာတွင် လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်သည်။ လွှတ်တော်နှင့်မဟာမိတ် အဖွဲ့အစည်းများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်ဆင်မှုများ မပြုလုပ်နိုင်ပါက အမေရိကန်သမ္မတ ထရမ့်က နျူကလီးယား သဘောတူစာချုပ်ကို  အဆုံးသတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်ဟု သိရသည်။

Read 355 times Last modified on Sunday, 15 October 2017 10:59