SJ WorldNews - шаблон joomla Авто

ဇွန်လအတွင်း ပြုလုပ်သည့် လွှတ်တော်ဆိုက်ဘာ တိုက်ခိုက်မှု ကြိုးကိုင်သူမှာ ရုရှားမဟုတ်ဘဲ အီရန်ဖြစ်ဟု ဗြိတိန်ဆို

Sunday, 15 October 2017 11:02 font size decrease font size decrease font size increase font size increase font size

မော်စကို  အောက်တိုဘာ  ၁၄

၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း နိုင်ငံ၏ လွှတ်တော်အပေါ်ပြုလုပ်သည့် ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် ကြိုးကိုင်သူမှာ ရုရှားမဟုတ်ဘဲ အီရန်ဖြစ်သည်ဟု ဗြိတိန်ထောက်လှမ်းရေး တာဝန်ရှိသူများက ပြောကြောင်း သတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာန တစ်ခုက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

လွှတ်တော်သည် ဇွန်လတွင် မကြုံစဖူး အဆိုပါဆိုက်ဘာ တိုက်ခိုက်မှုနှင့်ကြုံတွေ့ရပြီး ၁၂ နာရီအကြာတွင် ဝန်ကြီးချုပ် ထရီဆာမေနှင့် လွှတ်တော်အမတ်များ၏ အကောင့် များအပါအဝင် အီးမေး ၉ဝဝဝ ခန့်အပေါ် အကျိုးသက်ရောက် သွားကြောင်း သိရသည်။

ဗြိတိန်အစိုးရက ထုတ်ပြန်သည့် သတင်းအရင်းအမြစ်များအရ ထောက်လှမ်းရေး တာဝန်ရှိသူများသည် ယင်းဆိုက်ဘာတိုက်ခိုက်မှုကို ရုရှားက လုပ်ဆောင်သည်ဟု ကနဦးတွင် သံသယရှိခဲ့သော်လည်း နောက်ပိုင်းတွင် အီရန်နိုင်ငံ၏ လက်ချက်ဖြစ်သည်ကို တွေ့ရှိရကြောင်း Telegraph သတင်းစာက ထုတ်ပြန်ထားသည်။

အဆိုပါဆိုက်ဘာ တိုက်ခိုက်မှုပြုလုပ်ရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း အီရန်နိုင်ငံမှ  အစ္စလာမ်တော်လှန်ရေးအစောင့် တပ်ဖွဲ့က နျူကလီးယားစာချုပ် ပျက်ပြားစေ ရန်အတွက် ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြောင်း သိရသည်။

Read 367 times Last modified on Sunday, 15 October 2017 11:03