SJ WorldNews - шаблон joomla Авто

ဒီယာအက်ဇောပြည်နယ်ရှိ IS တို့၏ အဓိက အခြေစိုက်စခန်းများကို ဆီးရီးယားတပ်ဖွဲ့ ပြန်လည် ထိန်းချုပ်နိုင်

Sunday, 15 October 2017 15:27 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ် အောက်တိုဘာ  ၁၄

ဆီးရီးယားစစ်ဘက်သည် IS စစ်သွေးကြွများ အဓိက အခြေစိုက်သည့်ပြည်နယ်ဖြစ်သော ဒီယာအက်ဇော၌  လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက စစ်ဆင်ရေးပြုလုပ်ခဲ့ရာ IS တို့၏ အဓိကအခြေစိုက် စခန်းများကိုအောင်မြင်စွာ ထိန်းချုပ်နိုင်ကြောင်း   သိရသည်။

ဆီးရီးယားအစိုးရတပ်ဖွဲ့သည် မဟာမိတ် အကူအညီဖြင့်  ဒီယာအက်ဇောပြည်နယ် အတွင်းရှိ IS  စစ်သွေးကြွများ၏  အဓိက ဒုစရိုက်နယ်မြေဖြစ်သော အယ်မာယာဒင်းမြို့တော်ကို ပြန်လည်သိမ်းပိုက်နိုင်သည်။

IS စစ်သွေးကြွများစွာကိုလည်း တိုက်ထုတ်ချေမှုန်းနိုင်ကြောင်း  အစိုးရတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ SANA သတင်းဌာနက ဖော်ပြသည်။  ဆီးရီးယား စစ်ဘက်သည် အယ်မာယာဒင်းမြို့တော်သို့ ဝင်ရောက်၍ စစ်ဆင်ရေးများ ပြုလုပ်ပြီး  ရှစ်ရက်အကြာတွင် ယခုကဲ့သို့အောင်မြင်မှု ရရှိခြင်းဖြစ်သည်။ဆီးရီးယားအစိုးရတပ်ဖွဲ့၏ စစ်ဆင်ရေး ပထမနေ့တွင် IS စစ်သွေးကြွအဖွဲ့၏ လက်နက်တိုက်များစွာနှင့် လက်နက်ခဲယမ်း ထိန်းသိမ်းသည့် နေရာတစ်ခုကို  ဖျက်ဆီးနိုင်ခဲ့သည်။

ကနဦးတွင် IS စစ်သွေးကြွအဖွဲ့၏တပ်ဖွဲ့များက ဒီယာအက်ဇောမြို့အနီးရှိ အစိုးရတပ်ဖွဲ့ဝင်များနှင့် ပါမိုင်ရာဒီယာအက်ဇောအဝေးပြေး လမ်းမပေါ်ရှိ အစိုးရစခန်းများကို တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းသည်။

အစိုးရတပ်ဖွဲ့များသည် စက်တင်ဘာ ၅ ရက်တွင် ရုရှားလေတပ်၏ လေကြောင်းပစ်ကူဖြင့် ဒီယာအက်ဇောမြို့ကို ပြန်လည်ရယူနိုင်ပြီးနောက် တစ်လအကြာတွင် အယ်မာယာဒင်းမြို့ကို ပြန်လည်ရယူနိုင်ရန် စစ်ဆင်ရေး စတင်ခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့် အကြမ်းဖက်သမားများကိုလည်း အမြစ်ပြတ် ချေမှုန်းနိုင်အောင် စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်နေသည်ဟု သိရသည်။

Read 343 times Last modified on Sunday, 15 October 2017 15:28