SJ WorldNews - шаблон joomla Авто

အင်ဂိုလာ၌ လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား ခုနစ်ဦး သေဆုံး

Sunday, 15 October 2017 15:31 font size decrease font size decrease font size increase font size increase font size

လူအန်ဒါ အောက်တိုဘာ ၁၄

အင်ဂိုလာနိုင်ငံ အရှေ့မြောက်ပိုင်း လန်ဒါနိုတီပြည်နယ်၌ လေယာဉ်တစ်စင်း ပျက်ကျရာ အင်ဂိုလာနိုင်ငံသား ခြောက်ဦးနှင့် တောင်အာဖရိက နိုင်ငံသားတစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူများသည် အမှုထမ်းသုံးဦးနှင့် ခရီးသည်လေးဦးတို့ ဖြစ်ကြောင်း လေယာဉ်ပျက်ကျမှု ဆိုင်ရာ စုံစမ်းစစ်ဆေးရေးနှင့် ကာကွယ် တားဆီးရေး ရုံးမှ ညွှန်ကြားရေးမှူး လူးဝစ်အန်တိုနီယိုဆိုလို က သတင်းစာ ရှင်းလင်းပွဲတွင်  ပြောသည်။

ဘရာဇီးနိုင်ငံထုတ် Embraerလေယာဉ်သည် ဒန်ဒိုမြို့ရှိ ကာမာကင်ဇိုလေဆိပ်မှ နိုင်ငံ၏မြို့တော် လူအန်ဒါသို့ ညနေပိုင်းအချိန်၌ စတင်ပျံသန်းပြီး မိနစ် ၃ဝ အကြာတွင် ပျောက်ဆုံးသွားကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်အပိုင်းအစ များကို ဒန်ဒိုမြို့မှ ကီလိုမီတာ ၃၂ဝ အကွာရှိ ကျူလိုမြို့၌ရှာဖွေတွေ့ရှိကြောင်း သိရသည်။

အဆိုပါလေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသော်လည်း အမှုထမ်းများ၏ ပြောဆိုချက်အရ ရာသီဥတုဆိုးရွားပြီး အင်ဂျင် ချွတ်ယွင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Read 306 times Last modified on Sunday, 15 October 2017 15:31